Wednesday, March 2, 2022

ယနေ. လွတ်လာသည်. အနုပညာသည်များ အတွက် ဝမ်းမြောက်တယ်...သို.သော်

 ဒီနေ. Yangon UG တွေနဲ့ Mandalay UG တွေကို အပြင်းအထန် ဖမ်းဆီး နှိပ်ကွပ်ဖို့ အနုပညာရှင်တွေကို လွှတ်ပေးပြီး သတင်းအမှောင် ချတာပါ။ ချင်းပြည်-ဖလမ်းမြို.နယ်ရှိ လူငယ်တဦး မျက်လုံးဖေါက် ပစ်သတ်သည်. သတင်းလည်း တက်မလာဘူး။ မန်းလေးက UG တွေဆို ၇ ယောက်ဖမ်းခံ ရရင် ၄ , ၅ ယောက်လောက်ပဲ ထောင်ရောက် ပါတယ်။ 

စကရမှာ ပျောက်သွားတဲ့  သူတွေရှိပါတယ် လုံးဝ သတင်းတက်မလာပါ သတင်းဆိုတာ လူကြိုက်များ တာတွေပဲ တွေ့ရ တာမျိုးပါ။ ပျော်တာ လဲပျော်ပါ၊ နောက်ပြီး  ဖမ်းဆီးနှိပ်ကွပ် ခံနေရတဲ့ ကျန်တဲ့ သူတွေ အတွက်လဲ အာရုံစိုက်ပေးကြပါ ၊ UG တွေ တော်တော် အခြေ အနေ မကောင်း ပါဘူး။


Tuesday, March 1, 2022

မိစ္ဆာပူတင်နဲ. ဘီဘူး မအလ တို. တူညီသည်.အချက် ၁၀ ချက်..

 (၁) ပူတင်က အခြားနိုင်ငံကိုတိုက်, မအလက နိုင်ငံသား အချင်းချင်း အာဏာလု ချယ်လှယ်၊

(၂) ရုရှားက ဖယ်/ရပြီးသည်. ယူကရိန်းကို ချယ်လှယ်ပြီး မအလက ဖယ်/ရမှာစိုးရိမ်လို.၊၊

(၃) ပူတင်က ယူကရိန်းကို လျော.တွက်ခဲ.သလို မအလကည်း PDF ကို လျော.တွက် ခဲ.၏။
(၄) တနှစ်လူတဦး GDP $2000 သာရှိသည်. ဆင်းရဲသော ယူကရိန်းကို အနိုင်ကျင်.သလို
      လက်နက်မရှိ PDF နဲ. ကမ္ဘာ.အဆင်းရဲဆုံး မြန်မာပြည်သူကို လေကြောင်းမှတိုက်၊

(၅) ပူတင် နဲ. မအလ ကို မြောက်ကိုးရီးယား ဝက်ပုမှ တစ်ပါး ပေါ်တင် ထောက် ခံ သူမရှိ၊
(၆) ရုရှားပြည်သူက ထောက်မခံသလို မအလကို သာကူး/ခြံခုံများသာ ထောက်ခံသည်၊
(၇)ယူကရိန်း အသက် ၆၀ အောက် ယောကျာ်းအားလုံး နိုင်ငံအတွက် အသက်ပေးသလို
      နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတိုင်း တတ်နိုင်သည်.ဖက်မှ တိုက်ပွဲဝင်နေသည်။

(၈) EU ,US,UN က ရုရှားကို အပြစ်တင်သလို မအကကိုလည်း လူရာမသွင်းကြဘူး။
(၉) ရုရှားကို Lithuania က ICC အကူညီတောင်းသလို မအလလည်း ICJ ရင်ဆိုင်နေ။
(၁၀) ဒီ၂ ကောင်စလုံးကို EU, USA က action မရှိ၊ စိုးရိမ်ပေး sanctions ပဲ လုပ်နေသည်။

Monday, February 28, 2022

GOD said !!

ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ် သန့် ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့ ၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘော ရှိ သော သူတို့၌လည်း ငါနေ၏။
Palsm : 138:6 "ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးက သိတော်မူ၏။
Matt- 11:29"ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြ လော့, ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ် နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။


ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း

👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း  သမ္မာကျမ်းစာအရ သိရသည်။   ✅OT ထမြောက်ခြင်း၌  ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9]  ✅NT ...