All Hallows' Eve ခရစ်ယန်အယူအဆ အဖိတ်နေ့၊ လွယ်လွယ်ပြောရရင် သရဲပွဲ၊ ပျော်စရာလုပ်ကြတဲ့ ပွဲဖြစ်သည်။ ကြောက်စရာကောင်းတဲ့ အဝတ်အစား အသုံးအဆောင်တွေဝတ်ပြီး ခြောက်လှန့်ကြပြီး၊ တချို့ ၂ ရက်မှ ၃ ရက်ကြာသည်။
American, Europe တွေသာ Crazy ဖြစ်တဲ့ နှစ်လည်ရက် ဖြစ်ပြီး 'Trick or Treat ' လှည်ဖျားမှုနဲ့ အစားအသောက်လို့ ဆိုရမည်။ အောက်တိုဘာ ၃၁ ရက်နေ့ညမှာ သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေက နေအိမ်တွေကို တစ္ဆေသူရဲအဖြစ် လာမယ်၊ အိမ်ထဲ မဝင်နိုင်အောင် အိမ်အဝမှာ စားကောင်းသောက်ဖွယ်တွေ ချထားပေးရတယ်။ အိမ်ရှင်တွေလည်း သရဲအဝတ်အစားတွေ ဝတ်ထားတော့ တကယ့်သူရဲတွေက သူတို့လို သူရဲ့မိတ်ဆွေတွေထင်မှတ်အောင် အယောင်ဆောင်ရသည်။
ခရစ်ယာန် သမိုင်းအရ ကြည်.သော် halloween ခရစ်တော် မမွေးခင်နှစ်ပေါင်း သုံးရာလောက်ကအနောက်မြောက်ဥရောပနဲ့ အင်္ဂလန်ဖက်မှ Celts လူမျိုးစုကနေ စပြောရမှာဖြစ်ပါတယ်။ ဒီလူမျိုးစုဟာ ထူးခြားတဲ့ ကိုးကွယ်မှုရှိသူတွေပါ။ အထူးသဖြင့်သေမင်းသမန် samanကို ကိုးကွယ်ကြပါတယ် နှစ်စဉ်နှစ်တိုင်းရဲ့10လပိုင်း 31 ရက်နေ့ဟာ နှစ်ဟောင်းကို ကျော်လွန်ပြီးနည်းသစ်ကို ဝင်တဲ့နေ့ဖြစ်ပါတယ်။
တစ်နှစ်တာလုံး သေဆုံးခဲ့တဲ့သူတွေ အစားသေမင်းတမန်ကို ပူဇော်ပသကြပြီး၊ခေါင်းဆောင်တွေ ကသေမင်းဘုရားကို ပုံဆောင်တဲ့ လူခေါင်းပုံ ဖောက်ထားပြီးအထဲမှာ မီးထွန်းထားတဲ့ မုန်လာဥယူပြီး(jack-o-lanterns)၊တအိမ်ထွက်တအိမ်ဆင်း အစားအသောက်တွေ လိုက်တောင်း ပါတယ်၊ နဂိုကသူတို့စားဖို့ ဖြစ်ပေမယ့်နောက်ပိုင်းမှာ သေမင်းဘုရားကို ပူဇော်ပသဖို့ဖြစ်လာခဲ့ပါတယ်။
အစားအသောက် လာတောင်းတဲ့အခါ အကယ်လို့ တအိမ်အိမ်က မပေးခဲ့ဘူးဆိုရင်၊ အဲ့ဒီအိမ်ကို ကျိန်စာတိုက်ပါတယ်၊ လာမယ့် နှစ်တနှစ်လုံးမှာ ဒီအိမ်မှာ လူသေရမယ်လို့ ဟောကိမ်းထုတ်ပါတယ်။
အဲ့ဒီလုပ်ထုံးလုပ်နည်းတွေဟာ18-19 ရာစုမှာအမေရိကားထိ ဂယက်ရိုက်ခဲ့ပြီး၊ မုန်လာဥအစားရှာလို့လွယ်တဲ့ ဖရုံသီးတွေကို သုံးပြုလာခဲ့ ကြပါတယ်။ ဒီကနေ့ ထိ Halloweenမှာ ကလေးတွေ တအိမ်ထွက်ဆင်း ချိုချင်လာ တောင်းနေရာကမပေးရင် ကျိန်စာ တိုက်ခဲ့တော့ တာပါပဲ။ ဒါဟာ trick-or-treat ဆိုတဲ့အဓိပ္ပါယ်ပါ။
Halloweenဆိုတဲ့ စကားလုံးဟာ “All Hallow Mas” သေပြီးသော သန့်ရှင်းသူအားလုံးကို အောက်မေ့သတိရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။အဲ့ဒီနေ့ကို ရိုမန်ကာသိုလိပ်တွေက Massတရားပြုလေ့ရှိပါတယ် ။
ဆိုတော့နဂိုသေမင်းနေ့ကိုဘယ်လိုလုပ်ပြီး Halloweenဆိုတဲ့ နာမည်ဖြစ် သွားရတာလဲ? ဖြစ်ရပ်ကဒီလိုပါတဲ့…ရောမဘုရင် ကွန်စတင်တိုင်း ခရစ်ယာန်ဖြစ်ပြီး နောက်တနိုင်ငံလုံး ခရစ်ယာန်နိုင်ငံ ဖြစ်ပြောင်းလဲ တဲ့အခါမှာ နောင်တမရဘဲကောင်းကျိုး တစ်ခုခုကြောင့် ဘာသာထဲကိုဝင်လာတဲ့သူအအမြောက်အများရှိခဲ့ပါတယ်၊။
တကယ်ယုံကြည်တဲ့ သူမဟုတ်ဘဲ အပေါ်ယံသာ ယုံကြည်တဲ့ ဘာသာဝင်တွေ ဟာသူတို့ရဲ့ လုပ်နေကျ ဓလေ့တွေကို အသင်းတော်ထဲ သယ်လာ ပါတော့တယ်။ ဒါ့ကြောင့် အသင်းတော်ထဲက ခေါင်းဆောင် တချို့ဟာ ဒါတွေကို မလွန်ဆန်နိုင်တဲ့ အတွက်ကြောင့် ဒီဓလေ့တွေကို ခရစ်ယာန်မူ ပြုခဲ့ပေး ကြပါတယ်။
ဒီထဲမှာ10လပိုင်း 31 ရက်နေ့(သေမင်းနေ့) အပါဝင်ပဲဖြစ်ပါတယ်။ခရစ်ယာန်မူ ပြုတာ ကောင်းပေမယ့်Halloweenရဲ့ ကြောက်စရာအယူတွေ မပြောင်းလဲနိုင်တဲ့အပြင် ဒီကနေ့ထိ ပိုဆိုးဝါးလာတာ တွေ့ရပါတယ်။ ၈ရာစုမှာ ရောမပုပ်ရဟန်းမင်းကြီးကနေ ၁၁လပိုင်း ၁ရက်နေ့ကို သန့်ရှင်းသူ များနေ့ (All Saints’ Day)ဆိုပြီး အသင်းတော်ထဲက မာတုရအားလုံးကို အောက်မေ့ဖို့ကြေညာခဲ့ပါတယ်။
အသင်းတော်ထဲမှာ အဲဒီနေ့မရောက်ခင်တညကနေစ တင်ဖို့ပြုလုပ် ခဲ့ကြပါ တယ်။ ဒီလိုနဲ့နောက်ပိုင်းAll Saint’s Day ကနေAll Hallows Day(All Hallows Evening)ဖြစ်လာပါတယ်။ hallowsဆိုတာ သန့်ရှင်းသော Eveningကို eve(ရှေ့) သို့ een(ည)ဆိုပြီး အတို ရေးလာကြပါတယ်။ အဓိပ္ပာယ်ကတော့ သန့်ရှင်းသူအပေါင်းကို အောက်မေ့ တဲ့နေ့ မတိုင်ခင် ရှေ့ တညပေါ့။
အမှန်တော့ခရစ်ယာန်အနေနဲ့ သေပြီးသွားတဲ့သူတွေကိုအောက်မေ့တာဟာ အင်မတန်မွန်မြတ်တဲ့ အရာဆို ပေမယ့်၊ သမ္မာကျမ်းစာနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေ စုပုံလာတဲ့ဒီအယူတွေကိုတော့ သမ္မာသတိ ထားရပါမည် ခုခေတ်ချိန်မှာသန့်ရှင်းသူကိုအောက်မေ့ဖို့ ဆိုတာထက် တစ္ဆေသရဲတွေကို အောက်မေ့ နေကြပါပြီ။ ဒါကြောင့် ယုံကြည်သူတွေ အထူးသတိထားရမှာ ဖြစ်ပါတယ်။
ဘုရားသားသမီးတွေဟာ စာတန်နဲ့မဆိုင်ပါဘူး၊ဒီ လိုပွဲမျိုးတွေကို ရှောင်ရှား သင့်ပါတယ်။ ပညာရေးကျောင်းနဲ့ ပါတီပွဲတွေက ဒီပွဲမျိုးကို ပြုတဲ့အခါမှာ မိမိသားသမီးတွေ အတွက် အုပ်ထိန်းသူတွေက သက်ဆိုင်ရာ ကျောင်းအုပ်ကို မိမိယုံကြည်ချက်ကြောင့် မပါဝင်ဖို့ ရှင်းပြခွင့် တောင်းရပါမယ်။ မိမိကလေးတွေကိုလည်း သေချာရှင်းပြပြီးမ ကောင်းဆိုးရွား တွေရဲ့ ပုံမဆောင် ကြဖို့ သမ္မာတရားကို သွန်သင် သင့်ပါတယ်။
ကျမ်းချက်။...။ကိုယ်ကိုယ်ကိုညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူ ကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားဖြစ်၏။
ဝတ်ပြုရာကျမ်း ၁၉:၃၁| ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့် အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ၏။-
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ 2 ကော ၆:၁၆-၁၇
(Source: wikipedia , Ye Min)