Friday, July 15, 2022

၁၈ လ တွန်းလှန်းပေါ်မှ ကျန်းမာခြင်းရသူ သက်သေခံချက်

 


 လွန်ခဲ.သော ၁၀ နှစ် ၊ နယ်သာလန် မလာရောက်မီ  ရန်ကုန်မြို.တွင် ( 2007 march to 2008 August) ၁၇ လ‌ကျော်၊ ၁၈ လလုံးလုံး  ခန္ဒာကိုယ် အောက်ပိုင်း မလှုပ်ရှားနိုင်၊ အပေါ.အပါး WC သွားရန်ပင် သူတဦးအကူညီ လိုအပ်ပြီး တွန်းလှည်း၌သာ အချိန် ကုန်ဆုံးခဲ.သည်။


ကျွန်မ၏ တနေ.တာကုန်ဆုံးဖို. ရှည်လျားလွန်း၍ တညတာကျော်လွန်ဖို. ကြာညောင်းလှသည်ဟု ခံစားရေတွက်ရင်း နေ.ရက်၊အချိန်နာရီ များစွာကို  ဖြတ်သန်းခဲ.ရပြီး ထိုအချိန် မြန်မာပြည် ကျော်‌ပေ.မော်‌ပေ. နိုင်ငံခြားပြန် ယုံကြည်သူ/မယုံကြည်သူ အာရုံကြော၊အရိုး အထူးကု ဆရာဝန် ပေါင်းစုံ၏ ကုသမှုခံများကို ခံယူခဲ.သည်။

 
တနေ.ထက်တနေ. သက်သာခြင်းသို. ဦးတည်မှုမရှိပဲ ပို၍ဆိုးဝါးခြင်း အခြေအနေမှန်ကို သိသော သင်းအုပ် Pastor များစွာ၏ လာရောက် နှစ်သိမ်. ဆုတောင်းသံတချို. ယနေ.ထက်ထိ ကြားယောင် နေဆဲ၊ " ဘုရားသခင် ခေါ်တော်မူလျှင် သင်္ကြန်မတိုက်မီ ခေါ်သွားပါ၊ သို.တည်းမဟုတ် သင်္ကြန်ပြီးမှ ခေါ် တော်မူပါ" (တနည်း) သေမဲ.အတူတူ ငါတို.ဒုက္ခ မပေးဖို. သင်္ကြန်အတွင်း မသေ စေနဲ." ဆိုသည်.သဘော။


(တော်တော် ယုံကြည်ခြင်း အားကြီးသော  မြန်မာပြည် အမှုတော်ဆောင် များပါလား' ဟု စာရေးသူ ကောက်ချက်ချမိပါသည်) 


သေမည်.နေ.ကို စောင်.ပေးနေသည်. သူများအလယ်၌  ယုံကြည်ခြင်းရှိသည်ဟု ပြသအသက်ရှင် နိုင်စွမ်း တွန်းလှည်းနေ လူမမာအနေဖြင်. လွယ်တော. မလွယ်ကူလှပေ။ မြန်မာ ပြည်၌ Facebook ပွတ်စရာ internet , Phone လည်း ယခုလို မထွန်းကားသေး၊ သူတို.တီးတိုး ပြောဆို သံ မကြား ဟန်ဆောင်ရသည်. ပြသနာလည်း မသေးပါ။


Mawi Te ဆိုသည်. မိတ်ဆွေတဦးထံမှ သံလွင်ဆီ လိမ်းခြင်းဖြင်. အနာငြိမ်းခြင်းရှိကြောင်း ဝေဌချက် နဲ.အတူ အမြဲလိမ်းဖို.ရာ သံလွင်ဆီဗူးလေး လက်ဆောင် လာပေးသွားချိန်မှစပြီး နေ.စဥ် အချိန်မှန်မှန် လိမ်းခဲ.သည်။ 


ကျွန်မယုံကြည်ခြင်း အလွန်ကြီးမားသူတော. မဟုတ်ပါ၊ သို.သော် ဘယ်သူဘာပြောလို. ဘယ် Rev.Dr_ ဘယ်လိုဆုတောင်းတောင်း  "ဤရောဂါဖြင်. ကျွန်မလုံးဝမသေဘူး၊ ယေရှုကားတိုင်၌ ခံခဲ.သော ဒါဏ်ချက်တော်၌ ကျွန်မရောဂါအတွက်လည်း ပါတယ်"  ဆိုသည်.  ၁ပေ ၂း၂၄ ၊ ဆာလံ ၂၃ ကဲ.သို.သော ခွန်အား ဖြစ်စေသည်. ကျမ်းပိုဒ်ကို နေ.စဥ် အာရုံပြု ဝန်ခံခဲ.ပါသည်။ 


( ဤနေရာ၌ ရေးထားသော written word ကျမ်းစာမှ အသက်ပါသော နုတ်ကပတ်တော် Speaking word ဖြစ်လာခြင်းကို နားလည်ရသည်)


၁၈ လ ကြာလာသည်.အခါ အနည်းငယ် သက်သာသလို ခံစားကာ ၂ နှစ်ကြာ လမ်းလျောက် လေ.ကျင်.ပြီး ပုံမှန်ဖြစ်လာသည်. ၂၀၁၀ မေလ ၃၁ ရက်သည်  နွားနို.ထွက်၍ စိမ်းလန်းသည်. မြက်ခင်း ရှိရာအရပ် နယ်သာလန်နိုင်ငံသို. ဘုရားသခင် ပို.ဆောင်မှုဖြင်. ရောက်ရှိလာသည်။ 


ကျွန်မပြန်လည် ကျန်းမာလာခြင်းသည် သံလွင်ဆီကြောင်.လည်း ပါသည်' ဟု အကြွင်းမဲ. ယုံကြည် ရသည်. အကြောင်းမှာ သမ္မာကျမ်းစာ၌ သံလွင်ဆီအကြောင်း များစွာ တွေ.ရပါသည်။ 


ရှာယာဂုတ် 5:14 'သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ 

မာကု 6:13 ' မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။
ဟေဗြဲ 1:9 "ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီ ။ 


ထွက်မြောက်ရာ 40:99 'လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။

 
ဆာလံကျမ်း 92:10 'အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။

( ဖတ်ရှုသူ အယောက်စီတိုင်းအတွက်  ခန္ဓာ၊စိတ်၊ဝိညဥ် ကျန်းမာခြင်း ကောင်းကြီးရှိပါစေ)


No comments:

Post a Comment

ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း

👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း  သမ္မာကျမ်းစာအရ သိရသည်။   ✅OT ထမြောက်ခြင်း၌  ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9]  ✅NT ...