.png)
- HOME
- FATHER'S love
- THEOLOGY
- JESUS Coming Soon
- HEATHY
- LIBRARY
- NT Study
- BIBLE MP3
- MR BIBLE
- LAI Bible
- DISCIPLESHIP
- BIBLE Q/S
- BUHDISM
- QURAN
- REVOL & HISTORY
- CHIN Revo;
- STOCK Market
- BITCOIN
- GBCUSA
- UN CHARTER(ICJ)
- INSURANCE
- CHIN History
- TOP MAGAZINE
- MULTIMEDIA
- CENTRUM
- DEATH PENALTY
- ROYAL FAMILY(1)
- Royal Family(2)
- THE TRUTH
- GotQ(Hakha-Chin)
- BURMA ACTS 2022
- JULIANSPRIGGS
- Heart 2 Heart
- LAI-Bible Q&A
- USAID.GOV
- TIME LINE
- ဂျူးသမိုင်း
- THYLOGOS
- 6 DAYS WAR
- LEITAK TUANBIA
- PASTORAL..!
- SIMPLY BIBLE
- GODonTHE.net
- J.WESLEY
- SERMON INDEX
- WHATBIBLE❓
Thursday, March 14, 2024
Sunday, October 8, 2023
!! Great Tribulation !!
Eskel 38: 1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
2 အချင်းလူသား၊ ရောရှပြည်၊ မေရှက်ပြည်၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း၊ သင့်တဘက်၌ ငါနေ၏။
4 သင့်ကို ငါပြန်လာစေမည်။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင်၊ သင်မှ စ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ၊ ဒိုင်းလွှား ပါ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည်။
5 အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊
6 ဂေါမာနှင့်သူ၏တပ်များ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ၏ တပ်များ အလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြ လိမ့်မည်။
Daniel 9:27 တစ်သိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထို သိတင်း တဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက် စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီး သောသူ သည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
Eskel 9:2 "ဣသရေလတောင်တို့ အပေါ်သို့ ရောက်စေမည်။
Isiah 17:1 "ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ " ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံဖြစ်ရ၏" ( ဒမာသက် = City of Syria)
Saturday, October 7, 2023
Saturday, September 30, 2023
သမ္မာဟောင်း/သစ် က ပြောသည်. ဆယ်ဖို.တဖို. အကြောင်း၊
၁၀ဖို.၁ဖို. ပေးကမ်းခြင်းသည် ဓမ္မဟောင်း သွန်သင်ချက်ဖြစ်ပြီး ဣသရေလ များသည် မိမိရရှိသော ငွေကြေးများထဲမှ ဆယ်ဘို့တစ်ဘို့ကို ပေးလှူရန်နှင့် ၎င်းကိုတဲတော် (သို့) ဗိမာန်တော်သို့ ယူဆောင်ရန် ပညတ်တော်က သွန်သင်ထားကြောင်း အထက်က ဖေါ်ပြီးပြီ။ (ဝတ်ပြု၊ ၂ရး၃၀၊ တောလည်၊ ၁၈း၂၆၊ တရားဟော၊ ၁၄း၂၄၊ ၂ရာ၊ ၃၁း၅)
တကယ်တန်း အမှန်စင်စစ် ပြောမည်ဆိုသော် ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်က ဆယ်ဘို့ တစ် ဘို့အပြင် ၁၀၀ မှာ ၂၃.၃% ပေးဆောင်ရန် တောင်းဆို ထားပါသည်။ ( Tax မဖြတ်မီ ဝင်ငွေ အားလုံး Brutto ၏ 23.3% )
ဣသရေလ များအား ဘုရားပေးခဲ့တဲ့ မောရှေပညတ်၌ ဆယ်ဖို့တစ်ဖို့ ပေးရန်ပညတ်လည်း ပါဝင်ပြီး ယနေ.ယုံကြည်သူများသည် မောရှေပညတ် အောက်တွင် မရှိသည်.အတွက် ဆယ်ဖို့တစ်ဖို့ မပေး မနေရ မဟုတ်ပဲ (ကောလောသဲ ၂:၁၃၊ ၁၄) အရ “ နှမြောတဲ့စိတ်၊ မလှူမနေရ ဆိုတဲ့စိတ်ဖြင်. မလှူပဲ စေတနာစိတ်ဖြင်. လှူဒါန်းသူကို ဘုရားသခင် ချစ်မြတ်နိုးသည်” ဆိုသည်. ကျမ်းစကားနှင်.အညီ လှူဒါန်းသူ ခရစ်ယာန်များစွာ တွေ.ရသည်။ ၂ ကော ၉:၇။
"ဓမ္မဟောင်း ဆယ်ဖို့တစ်ဖို့ ပေးခြင်း"
ဓမ္မဟောင်းကျမ်း၌ ဆယ်ဖို့တစ်ဖို့အကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီး အများအားဖြင်. မောရှေမှ တစ်ဆင့် အစ္စရေး လူမျိုးတော်ကို ပညတ်တရား ပေးပြီးနောက်ပိုင်း အသက်တာ၊အချိန်နှင်. ဆက်စပ် သော်လည်း ၁၀ဖို.တဖို. နောက်ခံ ဖြစ်ရပ်သည် ပညတ်မပေးမီ အချိန် ( အာဗရာဟံ) နှင်. ဆက်စပ် သည်။
"မောရှေပညတ် မပေးမီကာလ"
ဆယ်ဖို့တစ်ဖို့ ပထမဆုံး ပေးသူ အာဗြံ ဖြစ်ပြီး (ကမ္ဘာဦး ၁၄:၁၈-၂၀။ ဟေဗြဲ ၇:၄) ဘုရင်နဲ့ ပုရောဟိတ် ဆာလင် Salem မင်းကို အာဗြံဆယ်ဖို့ တစ်ဖို့ တစ်ကြိမ်တခါတည်းသာ တွေ.ရပြီး အာဗြဟံ နှုင်. အာဗြဟံ၏ သား၊မြေးများ နောက်ထပ် ဆယ်ဖို့တစ်ဖို့ ပေးခြင်း အထောက်အထား ကျမ်းစာ၌ မတွေ့ရပေ။
ဆယ်ဖို့တစ်ဖို့ ပေးသည်. ဒု-ပုဂ္ဂိုလ်သည် အာဗြဟံ၏မြေး ယာကုပ် ဖြစ်ပြီး ဘုရားကောင်းချီး (ပေးမည်ဆိုလျှင်) သူရမည်. ကောင်းကြီးထဲမှ “ဆယ်ဖို့တစ်ဖို့” ပေးမည်' ဟု ဘုရားကို ယာကုပ် (ဂတိ)ပေးခဲ့တယ်။ (ကမ္ဘာဦး ၂၈:၂၀-၂၂)
ယနေ. ကျေးဇူးတရားကြောင်. ယုံကြည်သူမှန်လျှင် ဘုရားသခင်ကို ယာဂုတ်ကဲ.သို. Testing ဘုရားရှိမရှိ၊ လုပ်မလုပ် ၁၀ဖို.၁ဖို. ဖြင်. စမ်းသပ်ကာလ မာလခိ ၃း၃-၁၈ အချိန် မဟုတ်တော.ဘူး။ ဤမာလခိ ကျမ်းသည် ရှေ.က ယာဂုတ်ဂတိ ပေးသည်.အတိုင်း "ငါအမှန်ကန် ပေးမပေး ၊ကောင်းကင် တံခါးဖွင်.မည်"ဟု အဖြေပေးခြင်းဖြစ်သည်?။
ကျမ်းတတ်ဆရာကြီး တချို့ အဆိုအရ ယာကုပ်ပေးသည်. ဆယ်ဖို့တစ်ဖို့သည် တိရစ္ဆာန် ပူဇော်သက္ကာ ဖြစ်နိုင်ပြီး ကတိအတိုင်း ဆယ်ဖို့တစ်ဖို့ ပေးခဲ့သော်လည်း မိမိ၏ မိသားစုဝင်များ ဆယ်ဖို့တစ်ဖို့ ပေးရမည်" ဟု ယာကုပ် မပြောခဲ့ဘူးဟု ခံယူထားကြသည်။
မောရှေအား ပညတ်ပေးပြီးနောက် ဘာသာရေး လုပ်ဆောင်သူကို ထောက်ပံ့ရန် လိုအပ်သဖြင်. ဆယ်ဖို့တစ်ဖို့ ပေးကြဖို. ရှေးအစ္စရေး လူမျိုးကို ဘုရားသခင် မိန့်မှာခဲ့သည်။
ဆယ်ဖို့တစ်ဖို့ ပေးခြင်းသည် အချိန်ပြည့် ဘာသာရေး၊ အမှုထမ်းများ ဖြစ်သည်. လေဝိသားများ၊ ပုရောဟိတ်များကို ထောက်ပံ့ရန် ဖြစ်ပြီး သူတို့၌ ပိုင်ဆိုင်သည်. ထွန်ယက် စိုက်ပျိုးရန် ကိုယ်ပိုင်မြေ မရှိကြသူများ ဖြစ်သည်။ (တောလည် ၁၈:၂၀၊ ၂၁)
*ပုရောဟိတ် မဟုတ်သည်. လေဝိသားများသည် လူများထံမှ ဆယ်ဖို့တစ်ဖို့ ရယူခံစားကြပြီး သူတို့၏ “ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ယူပြီး ပုရောဟိတ်များ အတွက် ပြန်လှူဒါန်းရမည် (တောလည်ရာ ၁၈:၂၆-၂၉)
*နှစ်စဉ်ပေးရသည်. ဆယ်ဖို့တစ်ဖို့ နောက်တစ်မျိုးကား- လေဝိသားနှုင်. လေဝိသားမဟုတ်သူများပါ အကျိုးခံစားရမည်။ (တရားဟောရာ ၁၄:၂၂၊ ၂၃)
*အစ္စရေး မိသားစုတိုင်း ထိုဆယ်ဖို့တစ်ဖို့အား အထူးပွဲတော်များတွင် အသုံးပြုပါသည်။ သုံးနှစ်တကြိမ် ဆယ်ဖို့တစ်ဖို့အား ဆင်းရဲသားကို ထောက်ပံ့သည်။ (တရားဟောရာ ၁၄:၂၈၊ ၂၉။ ၂၆:၁၂)
"ဆယ်ဖို့တစ်ဖို့ မည်သို.ရေတွက်မည်နည်း "
အစ္စရေးလူမျိုးများ နှစ်စဉ် မိမိတို့ ပိုင်သည်. မြေယာမှ ထွက်သမျှ၏ ဆယ်ဖို့တစ်ဖို့ကို ဖယ်ထားရမည်။ (ဝတ်ပြုရာ ၂၇:၃၀) အကယ်၍ အဲဒီဆယ်ဖို့တစ်ဖို့ကို မြေယာထွက် ပစ္စည်းအစား ငွေဖြင်. ပေးရန် ဆုံးဖြတ်ပါက တန်ရာတန်ကြေးအပြင် အဲဒီတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ပိုပေးရသည်။ (ဝတ်ပြုရာ ၂၇:၃၁) “တိရစ္ဆာန်အုပ်ထဲမှ ဆယ်ကောင်မြောက် အကောင်ကို လည်း ပေးရန် ပညတ်ထားသည်။ဝတ်ပြုရာ ၂၇:၃၂။
တိရစ္ဆာန်အုပ်၏ ဆယ်ပုံတစ်ပုံ သတ်မှတ်ရာ၌ ခြံထဲမှ ထွက်သည်. တိရစ္ဆာန်ထဲမှ ဆယ်ကောင် မြောက် အကောင်တိုင်းကို ဖယ်ပြီး ဖယ်သည်. အကောင်များကို မစစ်ဆေးရ၊ တခြားအကောင်နှုင်. မလဲရ၊ ငွေနဲ့လည်း လဲလှယ်ခြင်း မပြုရ" ဟု ပညတ်ထားသည်။ (ဝတ်ပြုရာ ၂၇:၃၂-၃၃)
သို.သော် နှစ်စဉ်ကျင်းပသည်. ပွဲတော်၌ သုံးသည်. နောက်ထပ်ဆယ်ဖို့တစ်ဖို့ကို ငွေနှင်. ပေး၍ရသည်၊ အကြောင်းမူကား ပွဲတော်တက်ရန် ခရီးဝေးမှ လာသည်. အစ္စရေးလူမျိုး အတွက် အဆင်ပြေ လွယ်ကူ စေရန် ဖြစ်သည်။ (တရားဟောရာ ၁၄:၂၅-၂၆)
"ဘယ်တော. ဘယ်အချိန် ဆယ်ဖို့တစ်ဖို့ ပေးရသလဲ?
အစ္စရေးလူမျိုးတိုင်း နှစ်စဥ် ဆယ်ဖို့တစ်ဖို့ ပေးရသည်။ (တရားဟော ၁၄:၂၂) သို.သော် ၇ နှစ် မြောက်သည်. နှစ်တွင် ခြွင်းချက် အနေဖြင်. ဥပုသ်နှစ်၊ အစ္စရေးများ ကောက်ပဲသီးနှံ မသိမ်းသည်. အနားယူရာနှစ် ဖြစ်သည်၊ (ဝတ်ပြုရာ ၂၅:၄၊ ၅)
ထိုသို.သော အထူးအခြေအနေကြောင့် ဆယ်ဖို့တစ်ဖို့ မကောက်ရဘူး။ ဥပုသ်နှစ် ၇ နှစ်အတွင်းရှိ တတိယမြောက်နှစ် နှုင်. ၆ နှစ်မြောက်တိုင်း အစ္စရေးများသည် ဆယ်ဖို့တစ်ဖို့ အပြင် နောက်တစ် မျိုးကို ယူလာပြီး ဆင်းရဲသားများ၊ လေဝိသားများကို ခွဲပေးရသည်။—တရားဟောရာ ၁၄:၂၈၊ ၂၉။
*ဆယ်ဖို့တစ်ဖို့ မပေးလျှင် ဘယ်လိုမျိုး ပြစ်ဒဏ်ခံနိုင်သနည်း?
ဆယ်ဖို့တစ်ဖို့ မပေးပါက ဘယ်လို ပြစ်ဒဏ် ခံရမည်ဆိုသည်. ပညတ်တရားတွင် ဖော်ပြမထားပဲ ဆယ်ဖို့တစ်ဖို့ ပေးခြင်းသည် မိမိအသိစိတ်ဖြင်. လုပ်ရမည်. တာဝန် ဖြစ်သည်။
အစ္စရေးလူမျိုးများသည် ဘုရားသခင်ရှေ့၌ ဆယ်ဖို့တစ်ဖို့ ပေးပြီးဖြစ်၍ ထိုသို. ပေးသည်.အတွက် ဘုရားကောင်းချီးပေးပါလို့ တောင်းခံခဲ့ကြသည်။ (တရားဟောရာ ၂၆:၁၂-၁၅) ဆယ်ဖို့တစ်ဖို့ မပေးခြင်းကို မိမိဆီက လုယက်ခြင်း' ဟု ဘုရားသခင် ရှုမြင်သည်။ (မာလခိ ၃:၈၊ ၉)
*ဆယ်ဖို့တစ်ဖို့ ပေးခြင်းသည် မနိုင်ဝန်ကို ထမ်းခြင်းလား?
ထိုသို.မနိုင်ဝန် ထမ်းခြင်း မဟုတ်ပေ၊ အစ္စရေးများ ဆယ်ဖို့တစ်ဖို့ ပေးပါက ကောင်းချီးများစွာ လိုလေသေးမရှိ သွန်းလောင်းမည်" ဟု ဘုရားသခင် ကတိပေး သကဲ.သို. (မာလခိ ၃:၁၀) ဆယ်ဖို့တစ်ဖို့ မပေးသည်.အခါ အစ္စရေးလူမျိုး ဆင်းရဲဒုက္ခ အမှန် ရောက်ခဲ့သည်။
ဘုရားသခင် ထံမှ ကောင်းချီးများစွာ ဆုံးရှုံးကြပြီး ပုရောဟိတ်နှုင်. လေဝိသားများ လောကီအလုပ် ထွက်လုပ်နေရ၍ ဝတ်ပြုရေးရာ၌ အစ္စရေးများကို မကူညီပေးနိုခဲ.ပေ။ (နေဟမိ ၁၃:၁၀။ မာလခိ ၃:၇)
* ဓမ္မသစ်ကျမ်း၏ ဆယ်ဖို့တစ်ဖို့ ပေးခြင်း"
လူသားအဖြစ် ယေရှုအသက်ရှင်စဥ်၌ ထာဝရဘုရားကို ဝတ်ပြုသူများသည် ဆယ်ဖို့တစ်ဖို့ ပေးရန် လိုအပ်နေဆဲ ဖြစ်သော်လည်း ယေရှုအသေခံပြီး နောက်ပိုင်း မောရှေပညတ် တောင်းဆိုချက်ဟူသမျှ ပျက်ပြယ်သွားသည် ။ ( ဤအရာ ခံယူဖို. ခက်ခဲလိမ်.မည်)
ယေရှုခရစ် မြေကြီးပေါ် ၌ အသက်ရှင်စဥ်က အစ္စရေးများ ဆယ်ဖို့တစ်ဖို့ ပေးရသည်. အကြောင်း ပြချက် ဓမ္မသစ်ကျမ်းရှိ လူသိအများဆုံး ကျမ်းပိုဒ်ကို ယေရှုလည်း သိ၊နားလည်သဖြင်. အစ္စရေး'ဂျူး" လူမျိုးများ ဆယ်ဖို့တစ်ဖို့ ပေးရမယ့်တာဝန် ရှိနေမှန်းလည်း ယေရှုသိသည်။
သို.သော် ၁၀ဖို.၁ဖို. ပေးခြင်းကို ဝါကြွားဂုဏ်ယူသည်. ဖါရီရှဲ ဘာသာရေး ခေါင်းဆောင်များ ဆယ်ဖို့တစ်ဖို့ကျတော. အသေးအမွှား (နံနံပင်၊ပင်စိမ်း)မှအစ အသေးစိတ် ပေးလှူသော်လည်း “တရားမျှတခြင်း၊ သနားခြင်း ကရုဏာနှင်. သစ္စာရှိခြင်း၊ ဘုရားသခင်ကို ချစ်ခြင်း' စသည်. ပညတ်ကျမ်းထဲမှ အရေးကြီးသည်. အချက်ကိုတော့ (လှပ်ထား) လျစ်လျူ ရှုကြသည်” ဟု ယေရှုက ဖါရီရှဲများအား အပြစ်တင် ကဲ.ရဲ. ခြင်းဖြစ်၍ (ငါတို.ပေးဖို. ခိုင်းခြင်းမဟုတ်ပါ) မဿဲ ၂၃:၂၃။ လုကာ ၁၁း၄၂။
မာသဲ ၂၃း၂၃ "လှပ်"ထားသည်ဆိုသည်. စကားလုံးကို တချို. အမှုဆောင်များ အဓိပယ် ပြန်ဆိုရာ၌ ၁၀ဖို.၁ မပေးပဲ ချန်လှပ်ထားခြင်းကို ယေရှုအလိုမရှိဘူး" ဟု တလွဲ လိုရာစွဲ ဖွင်.ဆိုထားတာ တွေ.ရသည်။ မာသဲ ၂၃း၂၃ အပေါ်အောက် ဖတ်လျှင် အမင်္ဂလာ ခံထိုက်သည်. ဖါရီရှဲများအား ယေရှုခရစ်က ရည်ညွန်းခြင်းကို တွေ.ရမည်ဖြစ်သည်။
ဤကျမ်းချက် တခုတည်းသာ သမ္မာသစ်၌ တွေ.ရပြီး ၁၀ဖို.တဖို. ပေးကိုပေးရန် မပြောနဲ. (ပေးရန် တိုက်တွန်း နှိုးဆော်ခြင်း တခုမှ မတွေ.ရပေ) ရှင်မာသဲ နှင်. ရှင်လုကာတို. နှစ်ဦးသည် သူတို.ကြား သည်. ယေရှုစကားကို အသီးသီးဖေါ်ပြခြင်းသာ ဖြစ်၍ '၁၀ဖို.၁ ဖို. ပေးကြလော." ဟု မိန်.တော် မူခြင်း မဟုတ်ပဲ၊ ၁၀ဖို.၁ဖို. မပေးသူကို အထင်သေး ၊ဖဲ.၍ ပြောဆို ဝါကြွားသည်. ဖါရီရှဲတို.အား ဆုံးမခြင်း Rebuke ဖြစ်သည်။
(ယေရှုပြောဆိုပုံ ကြည်.သော် ပညတ်တရား လုံးဝ မလိုက်နာရဘူး မပြောသော်လည်း ပညတ်တရား ချိန်ခွင်လျှာ အလေးချိန် လျော.ပြီး ကျေးဇူးတရား ချိန်ခွင်လျှာ တိုး၍ ပြောသည်ကို ဝိ/ညဥ် နား၊မျက်စိ ရှိသူသာလျှင် ကြားနိုင်မြင်နိုင်သည်)
"ယေရှုအသေခံပြီး နောက်ပိုင်း ၁၀ဖို.၁ဖို.ပေးရန် မလိုတော.ဘူးလား?
ယေရှု အသေခံပြီး နောက်ပိုင်း မောရှေပညတ်နှင်. ဆိုင်သည်. ဆယ်ဖို့တစ်ဖို့ မပေးမနေရ ပညတ် ချက်အတိုင်း ပေးစရာ မလိုတော့ပဲ ယေရှုကိုယ်တိုင် ပူဇော်သက္ကာအဖြစ် သေဆုံးခြင်းသည် ‘ဆယ်ဖို့ တစ်ဖို့ ပေးရန်ပညတ်’ အပါအဝင် မောရှေပညတ် အလုံးစုံကို ပယ်ဖျယ်လိုက်ပြီ ဖြစ်သည်။ ဟေဗြဲ ၇:၅၊ ၁၈ , ဧဖက် ၂:၁၃-၁၅ , ကောလောသဲ ၂:၁၃၊ ၁၄။
မျက်မှောက်ခေတ် အသင်းတော် ဦးဆောင်သူတချို. နှုင်. ယုံကြည်သူများ ဆယ်ဘို့တစ်ဖို. ပေးလှူခြင်းသည် သမ္မာဟောင်း ယဇ်ပူဇော်ခြင်း ကဏ္ဍတွင် ယဇ်ပရောဟိတ်များနှင့် လေဝိတို့၏ လိုအပ်မှုများအတွက် ဆယ်ဘို့တစ်ဘို့ကို Tax အခွန်ကဲ့သို့ ကောက်ယူခြင်း ဖြစ်သည်ဟု ယုံကြည် သိထားကြသည်။
ဓမ္မသစ်တွင် ဆယ်ဖို.တစ်ဖို. ပေးလှူရန် တောင်းဆိုမှု(သို့) အသိပေး တိုက်တွန်းခြင်း မတွေ့ရပဲ ယုံကြည်သူတို့ အသင်းတော်ကို ထောက်ပံ.ရန် မိမိရရှိထားသော ဝင်ငွေမှ မိမိစိတ်စေတနာ ဆုံးဖြတ်ချက် ရှိသည့်အတိုင်းပေးလှူရန် ရှင်ပေါလုက ဖော်ပြထားပါသည်။ (၁ကော၊၁၆း၁-၂)
ဓမ္မာသစ်တွင် မိမိဝင်ငွေ တစ်ရာမှာ မည်မျှပေးလှူရန် ချန်ထားရမည်ဟူ၍ ဖော်ပြထားခြင်း မရှိပဲ ဝင်ငွေနှင့်အတူ ချန်ထားရန် အတွက်သာ ပြောထားပါသည်။ (၁ကော၊ ၁၆း၂)။
အချို့ အသင်းတော်များတွင် ဓမ္မာဟောင်း၏ သွန်သင်ချက် ဆယ်ဘို့တစ်ဘို့ကို စွဲကိုင်ပြီး ဆယ်ဘို့ တစ်ဘို့ ကိုသာ ပေးလှူရန် ဖြစ်ကြောင်းနှင့် မည်သည်. အလှူဒါနပြုရာတွင် ဆယ်ဘို့တစ်ဘို့ထဲမှ ပေးလှူ ရမည်ဟု သွန်သင်ကြပါသည်။
(လွန်ခဲ.သော ၁၀ နှစ်ဝန်းကျင် အသင်းတော် 'ရက် ၁၀၀ စိမ်ခေါ်ခြင်း၊ ကောင်းကြီး ပေးမပေး၊ မာလခိ ၃း၁၀ ) အစီစဥ် ပြုလုပ်ပြီး သိန်းရာချီ လှူဒါန်း၍ ဆုတောင်းသည်.အတိုင်း မရသူများ စိတ်ဓါတ် ကျဆင်း သည်. သက်သေခံချက် တချို. ကြားဖူးသည်)
သမ္မာသစ် ရှင်ပေါလု တိုက်တွန်းချက်သည် ကျွန်ုပ်တို့ စိတ်ထဲ၌ ရှိသည့်အတိုင်း ပေးလှူရမည်ဖြစ်ပြီး တခါတခါ ဆယ်ဘို့တစ်ဘို့ထက် များသော ပမာဏလည်းဖြစ်နိုင်ပြီး တစ်ခါတခါ ဆယ်ဘို့တစ်ဘို့ အောက်လည်းလျော့နည်းနိုင်သည်။
၄င်းသည် ခရစ်ယာန်တို့၏ စိတ်ဆန္ဒနှင့် အသင်းတော်၏လို အပ်မှုပေါ်မူတည်ပြီး ယုံကြည်သူ အယောက်တိုင်းက ဆယ်ဘို့တစ်ဘို့ ပေးကမ်းခြင်း၌ ပါဝင်ရန် နှင့် မည်သို့ ပေးလှူရမည်ကို သိရှိရန် ဘုရားသခင်၏ မျက်နှာတော်ကိုရှာ၍ ဆုတောင်းရပေမည်ဖြစ်သည်။ (ယာ ကုပ်၊၁း၅)။
ထိုအပြင် ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်း၊ အလှူဒါန ပေးကမ်းခြင်းတို့သည် စိတ်နှလုံး ဖြူစင်ခြင်း၊ ဘုရားသခင်အပေါ် သစ္စာရှိခြင်းကို ပြသခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်း နှလုံးသားနှင့် ခရစ်တော်၏ ခန္ဓာကိုယ်အတွက် ပါဝင်ခွင်. ပေးကမ်းခွင်. ရခြင်း၌ လိုလိုချင်ချင် ကျေကျေနပ်နပ် ပေးလှူရမည် ဖြစ်သည်။
“လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူဘဲမနေရဟု စိတ်ထင်နှင့် အလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏” (၂ကော၊ ၉းရ)။
ဤနေရာ၌ အစ္စရေးလူမျိုးနှုင်. ကျွန်တော်တို. အခြေနေ မတူညီသည်. အချက်ကား သူတို.၌ ဝင်ငွေမရှိ လယ်ထွက် သီးနှံ တိရိစ္ဆာန် ထဲမှ ဖြစ်သော်လည်း ကျွန်တော်တို. Netto များသူအတွက် ၁၀ဖို.၁ဖို. အစဥ်ပြေကောင်း ပြေနိုင်သော်လည်း အခွန် ဖြတ်တောက်ပြီး Butto (€ 500 ) အောက် ကျန်သည်.သူအတွက် Netto (1500 € ) ထဲမှ 23% ပေးသော် 345€ အတိအကျ ပေးရမည်။
သင်.ဝင်ငွေ လစဥ် 1500 € ထဲမှ ( အိမ်လခ € 650 ၊ အခြား € 350 ) = € 1000 ပုံမှန်ကုန်ပြီး သင်.လက်ထဲ € 500 မှ ၁၀ဖို. ၂၃ ဖို. ( 23% 345€) ပေးရင် စားဖို.-သောက်ဖို. သွားလာဖို. 155 € ပဲ ကျန်မယ်။ ဂျူးလူမျိုး ပေးနည်းစနစ်ဖြစ်ပြီး စျေးဆစ်၍မရ အတိကျဖြစ်သည်၊ ဒါတွေပဲလား- မဟုတ်ဘူး,ကျန်သေးတယ်။
မွေးသည်. အိမ်မွေး တရိစ္ဆာန်များထဲမှ ပေါက်လာသမျှ နှစ်စဥ် ငွေနဲ.တွက်ပြီး မရှိဆင်းရဲ ကူညီရမည် ဆိုထား သဖြင်. နှစ်စဥ် Vakantie Geld နဲ. Mother'Day Mother's Day ရသမျှ ပေါက်စျေးနဲ.တွက်ပြီး Gas Energy Refund Money ရသည်.ငွေထဲမှ 23% ပေးရမည်။ တနှစ်တကြိမ် မပေးလို. မရဘူး။
ဒီနေ.ထိ ၁၀ဖို.၁ဖို. ပေးခြင်းသည် မောရှေပညတ်၌ "ပါ၊မပါ" အတိကျသိသူ မမွေးသေးဘူး၊ ကောင်းကင် ရောက်မှ ယေရှုကို မေးကြတောပေါ.၊ "၁၀ဖို.၁ဖို. မပေးလိုသူက ပညတ်၌ မပါဘူး၊ ပေးလိုသူက ပါသည်" ဘာပဲပြောပြော အကယ်၍ ဘုရားအမြင်၌ ပညတ်တရားတွင် ထည်.သွင်း၊ ပါဝင်ခဲ.လျှင် တစုံတခု၌ တလတခါ ၁၀ဖို.၁ဖို. ပေးရန် ပျက်ကွက် ၊ချိုးဖျက်ခဲ.လျှင် ကိုယ်ပေး သမျှလည်း အလဟတ အချီးနှီး ဖြစ်ပေမည်။
ဆယ်ဖို.တစ်နှင်. ပါတ်သက်၍ ??
(1) USA Catholic
https://uscatholic.org/articles/202109/true-tithing-means-giving-more-than-ten-percent/
(2) Does the Bible require Tithing for the Church?
https://biblicalgenderroles.com/does-the-bible-require-tithing-for-church/
(3)Why Christians Don't Tithe
https://www.christianstewardshipnetwork.com/blog/2020/12/16/why-christians-dont-tithe
(4) Why Tithing is Biblical but it’s Not Christian
https://relearn.org/why-tithing-is-biblical-but-its-not-christian/
(5) Who should we pay tithes to, the church or the pastor?
https://bible.org/question/who-should-we-pay-tithes-church-or-pastor
(6) 5 Most Asked Questions On Tithing and Donations
https://blog.cloversites.com/5-most-asked-questions-on-tithing-and-donations
(7)Do Christians have to tithe?
https://versebyverseministry.org/bible-answers/how-much-do-i-have-to-tithe
(8) What is Tithing?
https://www.patheos.com/blogs/breathingspace/2023/03/pastors-and-others-exempt-from-tithing/
(9) You’ve Never Tithed in Church (And Neither Have I)
https://www.expositoryparenting.org/blog/2022/4/11
(10) Are ministers required to tithe?
https://thirdmill.org/answers/answer.asp/file/40422
(11)Tithing to the Local Church?
https://www.heavensfamily.org/tithing-to-the-local-church/
(12) Sevenday Adventist
https://www.adventistbiblicalresearch.org/materials/to-whom-should-i-give-my-tithe/
(13)What Is the Church’s Position on Tithing?
https://www.catholic.com/qa/what-is-the-churchs-position-on-tithing
(14) Reform Church
https://urc.org.uk/your-church/guidance-support-for-churches-synods/church-finance/to-tithe-or-not-to-tithe/
(15) What Does the Bible Say about Christian Tithing?
https://www.ligonier.org/learn/articles/stewardship-tithing-and-giving
(16) 7 Reasons Christians Are Not Required to Tithe
https://www.thegospelcoalition.org/article/7-reasons-christians-not-required-to-tithe/
(17)Church Tithe?
https://ministrydesigns.com/church-tithe
(18)Christian tithing - What does the Bible say?
https://www.compellingtruth.org/Christian-tithing.html
(19)Do Tithes Belong in the Church?
https://get.tithe.ly/blog/do-tithes-belong-in-the-church
(20) Tithes and Offerings:
https://www.ramseysolutions.com/budgeting/daves-advice-on-tithing-and-giving
(21) Does our tithe all have to go to our church ?
https://www.gotquestions.org/tithes-church-ministry.html
(22)The Truth About Tithing (by John MacArthur)
https://www.biblebb.com/files/tithing.htm
(23) Reformed Christian Voice Radical : Tithes?
https://fb.watch/nnsG1Fb3jZ/
(24)Is tithing biblical for christians today?
https://www.wegive.com/blog/is-tithing-biblical-for-christians-today
(25) Is Tithing For Today?
https://letthebiblespeak.tv/is-tithing-for-today-the-text/
(26) Seedtime
https://seedtime.com/tithing-in-the-new-testament/
(27) Where Does it Say to Tithe in the Bible?
https://www.shepherdaz.church/felt-needs/where-does-it-say-to-tithe-in-the-bible/
(28) Bible Verses about Tithes
https://bible.knowing-jesus.com/topics/Tithes
(29) 206 KJV about Tithing & Offering
https://stillfaith.com/topics/tithing/
(30) 77 Tithe & Offering Scriptures
https://growchurch.net/tithes-and-offerings-scriptures
Sunday, January 1, 2023
ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း
👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း သမ္မာကျမ်းစာအရ သိရသည်။ ✅OT ထမြောက်ခြင်း၌ ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9] ✅NT ...
-
လွန်ခဲ.သော ၁၀ နှစ် ၊ နယ်သာလန် မလာရောက်မီ ရန်ကုန်မြို.တွင် ( 2007 march to 2008 August) ၁၇ လကျော်၊ ၁၈ လလုံးလုံး ခန္ဒာကိုယ် အောက်ပိုင်း ...
-
သောကြာ နေ့ ည၇နာရီမှာ ညစာစားပြီးတာ နဲ့ ( ၃၆ ) နာရီတိတိ ဘာအစာမှ မစားရဘဲ ရေ တစ်မျိုးထဲသာ သောက်ဖို့ ဖြစ်ပါတယ်။ မည်သည့် ကယ်လိုရီမှ မထည့်ရတော့...
-
ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ် သန့် ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့ ၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်...










