Sunday, April 10, 2022

HOSANNA to the CROSS

 

သင်္ကြန်ပျော်ဖို့ စောင်.ဆိုင်းနေသူများကို ယေရှုခရစ်အား ဟောရှနာ ဟု သံလွင်ခက်ဖြင်. ကြိုဆိုပြီး နောက်နေ. ကားစင် တင်သည်. ဘာသာရေး ခရစ်ယန်များနှုင်. အလားသဏ္ဠန်တူနေသလား အောက်မေ.သည်။ ထိုထက်ပို၍ ရင်ထဲအသဲထဲ ထိရှနာကျင်စေသည်. အရာကား အသင်းတော်မပြောနဲ. သစ်ပင်၊ဝါးပင် ချောင်း နဘေး၌ စစ်ကောင်စီဘေးမှ အသက်လွတ်ရုံ ပြေးလွှား ခိုအောင်း နေသည်. ယုံကြည်သူများသည် ငါတို.ထက် ပို၍ အပြစ်ရှိလို.လား? အပြစ်ကြီးလို.လား? ယုံကြည်ခြင်း လိုနေလို.လား? မပေးကမ်းလို.လား? ဘုရားအလို တော်လား? ဟု လား?လား?ပေါင်းများစွာနဲ.အတူ....

သေချာတာကတော....ဒီအချိန် နွေဦးကာလ၌ ထောင်ထဲ၊တောထဲ ၊ခြုံပုပ်ထဲက လူတွေလည်း ပျော်ပါးချင်ကြမှာ ဖြစ်သလို စစ်ဒါဏ် ဗုံးဒါဏ်ကြောင်. သေလွန်သွားသူတွေလည်း အကယ်၍သာ အသက်ရှင် သေးရင် မိသားစုနဲ. ထမင်းလက်စုံ စားချင် ကြမှာပါ။ သေလွန်သွားတဲ. ယုံကြည်သူ လူငယ်အပျို /လူပျိုများလည်း ဘုရားကျောင်း၌ ပျော်ချင်ကြမှာပဲ။

သူတို.အားလုံးသည် ဆလိုင်းတင်မောင်ဦး၏ " မင်းတို.က ငါ.ခန္ဓာကိုယ် သတ်နိုင်သော်လည်း ဘယ်တော.မှ စစ်ဖိနပ်အောက် ဒူးမထောက်ဘူးဆိုတဲ. ငါ.ရင်ထဲက သစ္စာစကားကို မသတ်နိုင်ဘူး" ဆိုသည်. အပြစ်မှတပါး အခြားဘာအမှားမရှိ၊ ရောမ စစ်သားလက်အောက်မှ လွတ်မြောက်လိုသည်.ဆန္ဒ လောင်မြိုက်နေသော သံလွင်ခက်ကိုင် ဂျူးများကဲ.သို. မြန်မာစစ်တပ် လက်အောက်မှ လွတ်မြောက်လိုသည်.အပြစ်မှတပါး အခြား အပြစ် ရှာ၍ မတွေ.ပါ။

ရှင်ပြန်ထမြောက်ရာနေ့ မတိုင်မီ တပတ်အလို တနင်္ဂနွေနေ့သည် ခရစ်ယာန်တိုင်း၏ သံလွင်ခက် တနင်္ဂနွေနေ့ဖြစ်ပြီး သန့်ရှင်းသော(Holy Week) အစပြုတဲ့နေ့လည်း ဖြစ်သည်။ သံလွင်ခက်' ဟု အမည်တွင် ရသည်. အကြောင်းသည် လွန်ခဲ.သော ၅ရာစု ကနဦးအသင်းတော်ဖြစ်သည်. ဂျေရုစလင် ယုံကြည်သူများသည် သန့်ရှင်းသော သစ်ခက် တနင်္ဂနွေနေ့ ဆိုပြီး ထိုနေ့၌ သံလွင်တောင်သို. သွားကာ ဝတ်ပြုကြသည်။

ထိုနေ. ညနေခင်း‌ရောက်သော် လက်ထဲမှ စွန်ပလွံခက်၊သံလွင်ခက်များကိုင်ပြီး‌ ဂျေရုစလင်မြို့ထဲသို. ဝင်လာ ကြသည်. ဓလေ.သည် ရာစုတခုပြီးတခု ဆက်ခံလာရာ ယနေ.ထိဖြစ်သည်။ သံလွင်ခက် တနင်္ဂနွေ အား ရှင်မဿဲခရစ်ဝင်21:1-11အရ၊ သခင်ယေရှုခရစ်တော်သည် ဂျေရုစလင်မြို့သို. မြည်းစီးပြီး ဝင်လာသည်. အခါ လူများစွာက 'ဟောရှဏ္ဏဖြစ်စေသတည်း'ဆိုပြီး သစ်ခက်များဖြင်. သူတို့၏ အဝတ်တွေကိုပါ ယေရှု လာရာ လမ်း၌ ခင်းပေးလျှက် ဆီးကြိုကြသည်။ မြည်းကလေး အနက်ကား ငြိမ်သက်ခြင်းနှုင်. အောင်မြင်ခြင်း ကိုပုံဆောင်သည်။

ဟောရှဏ္ဏ Hebrew:הושענא‎ဖြစ်ပြီး “ငါတို့ကို အမြန်လာကယ်တင်ပါ”ဟု ယုဒလူမျိုးများ ရောမလက်အောက် သူ့ကျွန်ဘဝ ရောက်နေခြင်းမှ လွတ်မြောက်လို၍ ဖြစ်သည်။ ကယ်တင်ရှင် မေရှိယ ပေါ်လာမည်ဆိုသည်. ဓမ္မဟောင်းကျမ်းအရ သူတို့ အားလုံးက သိထားပြီး၊မျော်လင့်နေကြသော်လည်း သူတို့မျော်လင့်သည်. ပုံစံသည် ရောမလက်ထဲမှ သူတို့ကို ဦးဆောင်၍ စစ်တိုက်ပြီး လွတ်လပ်ရေးရရန် ဖြစ်သောကြောင့် ယေရှုခရစ်ကို လူအုပ်ကြီးက အားရပါးရ ကြိုဆိုကြ၏၊ သို.သော် ယေရှု ခရစ်တော် သည် သူတို့‌ မျှော်လင့်တောင်.တသည်. ပုံစံအတိုင်း မဟုတ်မှန်းသိသည်.အခါ “ဟောရှဏ္ဏ”မှ သူ.ကို “ကားစင် တင်သတ်ပါ”ဆိုတဲ့ ကြွေးကြော်သံသို. ပြောင်းလဲပါတော.သည်။

(တနည်း) ယေရှုခရစ်တော် ဂျေရုစလင်ဝင်လာခြင်းသည် ကားတိုင်ပေါ်အသေခံရန် ဖြစ်ပြီး  OT ၌ ဘုရားကတိတော် ရှိထားသည်. 'မေရှိယဖြစ်ကြောင်း' 'ကယ်တင်ရှင်ဖြစ်ကြောင်း'သက်သေပြခြင်းဖြစ်၏။ ခရစ် တော်လူ့ဇာတိ မခံမှီ ဇာခရိ ၉:၉” အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရု ရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာ တော်မူသည်ကို ကြည့်ရှုလော့”ဟု လာသတည်း။

Palm Sunday သံလွင်ခက်တနင်္ဂနွေနေ့သည် ဝါတွင်းရက်၄၀ရှိသည်. ၆ပတ်ထဲမှ ၅ပတ်မြောက် တနင်္ဂနွေ၊ ဒီနှစ် 2022 ဆိုရင် 4လပိုင်း 10 ရက် တနင်္ဂနွေနေ့ဖြစ်ပြီး မဟာသောကြာနေ့အတွက် ရှေ့ပြေး၊လူသား အားလုံး အတွက် သခင်တော် ယေရှုခရစ် အရောင်းစားခံရခြင်း၊ ဖမ်းခံရခြင်း၊ နှိပ်စက်ခံရခြင်း၊စီရင်ခံ ရ ခြင်း၊ ကားစင် သတ်ခံရခြင်းတွေကို အောက်မေ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း

👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း  သမ္မာကျမ်းစာအရ သိရသည်။   ✅OT ထမြောက်ခြင်း၌  ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9]  ✅NT ...