Saturday, September 10, 2022

King Charles III & William confirmed as Prince of Wales











                                                                              

                                             




 


ROYAL FAMILY TREE (1926- 2021)





 

Tuesday, July 19, 2022

၃၆ နာရီ အစာရှောင်ခြင်း


 Safe Drinking Water Bottles Clearance, 59% OFF | audiotvcentrum.nl

သောကြာ နေ့ ည၇နာရီမှာ ညစာစားပြီးတာ နဲ့ ( ၃၆ ) နာရီတိတိ ဘာအစာမှ မစားရဘဲ ရေ တစ်မျိုးထဲသာ သောက်ဖို့ ဖြစ်ပါတယ်။ မည်သည့် ကယ်လိုရီမှ မထည့်ရတော့ပါဘူး။ အချိုရည်တောင် မသောက်ရပါဘူး❗။ zero calorie အတိုင်း ထားရမှာ ဖြစ်ပါတယ်။
 

သောကြာနေ့ ည ( ၇ ) နာရီမှ စတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကို ကြိုက်သလောက် သောက်နိုင်တယ်။ ကြိုက်သလောက် အိပ်နိုင်တယ်။ အဲဒီ အစာဖြတ် လေ့ကျင့်ခန်းကနေ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီး ဖြစ်ပါတယ်။ အစာဖြတ်လိုက်တော့ Body က energyရဖို့ အတွက် ကိုယ်တွင်းမှာ အာဟာရတွေကို လိုက်ရှာပါတယ်။ 

အာဟာရကို မတွေ့တော့ ကိုယ်တွင်းက အဆီတွေကို လိုက်စားပါတယ်။ အဆီတွေထဲမှာ အောင်းနေတဲ့ အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်း ကျပြီး အဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို ရေက body အပြင်ဘက်ကို စွန့်ထုတ် ပေးလိုက်ပါတယ်။Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ် ဆိုတာ ရှိပါတယ်။
အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ ပိုပြီး အလုပ်လုပ်လာနိုင်တယ်။ ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့  အလိုအလျောက် ပြုပြင်တဲ့ စနစ်က Auto ကုပေးသွားတာ ဖြစ်ပါတယ်။ ရောဂါတွေ သူ့ဟာသူ ပျောက်သွားပါတယ်။
 

မကျန်းမာသူတွေတောင် မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။ Body က Engery အင်နာဂျီ လိုအပ်လို့ လိုက်ရှာရာမှာ တစ်ကိုယ်လုံးက ကလပ်စီးတွေဆီ ကိုလည်း ရောက်ပါတယ်။ မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါ စားသွားပါတယ်။
 

junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာ cellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။ အစာဖြတ်လိုက်တဲ့ အခါမှာ စိတ်ပါ ပြောင်းသွားပါတယ်။ အူတွေမှာ အစာမရှိတော့ စိတ်ကြည်လာတယ်။ နေရထိုင်ရတာ ပေါ့ပါးလာတယ်။ ဦးနှောက် က စိတ်ကူး စိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။ ဆုံးဖြတ်ချက် ချတာတွေ သိပ်ကောင်းတယ်။ တရားအားထုတ်လို့ ကောင်းတယ်။ ဒါကြောင့် ဗုဒ္ဓက ညစာ ရှောင်ခိုင်းတာ ဖြစ်တယ်။Fasting လုပ်ပေးလေ့ ရှိသူတွေ ဟာ သွေးတိုးရောဂါ ပါ ပျောက်ကင်း သက်သာ လာကြပါတယ်။
 

အရင်က ••• 200/125အထိတက်တဲ့ သူဟာ fasting ပုံမှန် လုပ်ပေးလာရင်း နဲ့ 130/90 လောက် ပြန်ဖြစ်လာပါတယ်။ အစာဖြတ် လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့  ထင်နေကြလေ့ ရှိပါတယ်။
 

တကယ်က အားမယုတ်တဲ့ အပြင်အား ပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲ ဆိုတော့ ပေါ့ပါးလို့ ပါ။ပေါ့ပါးတော့ သွက်လက်တယ်။ အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီး ရသေးတယ်ဗျ။ 


အဲဒါတွေကတော့ -ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း အူလမ်းကြောင်း ကျန်းမာခြင်း ၊ တစ်ကိုယ်လုံး ငြိမ်းအေးခြင်း ၊ ဖြစ်ဆဲ ရောဂါများ တန့်သွားခြင်း ၊သွေးတွင်း အင်ဆူလင် ပုံမှန်ဖြစ်လာခြင်း၊ ဆီးချို ၊ သွေးချို ၊ ထိန်းလာနိုင်ခြင်း အစာခြေ စနစ် ကောင်းလာခြင်း ကြွက်သားများ သန်မာလာခြင်း လည်ချောင်း ချွဲသလိပ် ရှင်းခြင်း အရိုး ကျစ်လျစ်ခြင်း ၊စိတ်ထား နူးညံ့လာခြင်း ၊အသားရေ လှပလာခြင်း ၊ ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း၊ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။ 

 

( ၃၆ ) နာရီလောက် Fastingလုပ်ရတာ ဟာ အခက်အခဲ မရှိဘဲ၊ လူတိုင်းလိုလို လုပ်နိုင်ကြတဲ့ အတွက် ကျန်းမာပြီး အသက်ရှည်ရှည် နေရဖို့ မကြာခဏ လုပ်ပေးကြပါ လို့  တိုက်တွန်းလိုက်ပါတယ်။
 💌 ချစ်ခင်လေးစားလျှက်..
PS : ( ဆီးချိုကျရောဂါ ရှိသူများ မလုပ်ရပါ )
#Credit 🤓Via - Si Thu Lwin Pyin

Friday, July 15, 2022

၁၈ လ တွန်းလှန်းပေါ်မှ ကျန်းမာခြင်းရသူ သက်သေခံချက်

 


 လွန်ခဲ.သော ၁၀ နှစ် ၊ နယ်သာလန် မလာရောက်မီ  ရန်ကုန်မြို.တွင် ( 2007 march to 2008 August) ၁၇ လ‌ကျော်၊ ၁၈ လလုံးလုံး  ခန္ဒာကိုယ် အောက်ပိုင်း မလှုပ်ရှားနိုင်၊ အပေါ.အပါး WC သွားရန်ပင် သူတဦးအကူညီ လိုအပ်ပြီး တွန်းလှည်း၌သာ အချိန် ကုန်ဆုံးခဲ.သည်။


ကျွန်မ၏ တနေ.တာကုန်ဆုံးဖို. ရှည်လျားလွန်း၍ တညတာကျော်လွန်ဖို. ကြာညောင်းလှသည်ဟု ခံစားရေတွက်ရင်း နေ.ရက်၊အချိန်နာရီ များစွာကို  ဖြတ်သန်းခဲ.ရပြီး ထိုအချိန် မြန်မာပြည် ကျော်‌ပေ.မော်‌ပေ. နိုင်ငံခြားပြန် ယုံကြည်သူ/မယုံကြည်သူ အာရုံကြော၊အရိုး အထူးကု ဆရာဝန် ပေါင်းစုံ၏ ကုသမှုခံများကို ခံယူခဲ.သည်။

 
တနေ.ထက်တနေ. သက်သာခြင်းသို. ဦးတည်မှုမရှိပဲ ပို၍ဆိုးဝါးခြင်း အခြေအနေမှန်ကို သိသော သင်းအုပ် Pastor များစွာ၏ လာရောက် နှစ်သိမ်. ဆုတောင်းသံတချို. ယနေ.ထက်ထိ ကြားယောင် နေဆဲ၊ " ဘုရားသခင် ခေါ်တော်မူလျှင် သင်္ကြန်မတိုက်မီ ခေါ်သွားပါ၊ သို.တည်းမဟုတ် သင်္ကြန်ပြီးမှ ခေါ် တော်မူပါ" (တနည်း) သေမဲ.အတူတူ ငါတို.ဒုက္ခ မပေးဖို. သင်္ကြန်အတွင်း မသေ စေနဲ." ဆိုသည်.သဘော။


(တော်တော် ယုံကြည်ခြင်း အားကြီးသော  မြန်မာပြည် အမှုတော်ဆောင် များပါလား' ဟု စာရေးသူ ကောက်ချက်ချမိပါသည်) 


သေမည်.နေ.ကို စောင်.ပေးနေသည်. သူများအလယ်၌  ယုံကြည်ခြင်းရှိသည်ဟု ပြသအသက်ရှင် နိုင်စွမ်း တွန်းလှည်းနေ လူမမာအနေဖြင်. လွယ်တော. မလွယ်ကူလှပေ။ မြန်မာ ပြည်၌ Facebook ပွတ်စရာ internet , Phone လည်း ယခုလို မထွန်းကားသေး၊ သူတို.တီးတိုး ပြောဆို သံ မကြား ဟန်ဆောင်ရသည်. ပြသနာလည်း မသေးပါ။


Mawi Te ဆိုသည်. မိတ်ဆွေတဦးထံမှ သံလွင်ဆီ လိမ်းခြင်းဖြင်. အနာငြိမ်းခြင်းရှိကြောင်း ဝေဌချက် နဲ.အတူ အမြဲလိမ်းဖို.ရာ သံလွင်ဆီဗူးလေး လက်ဆောင် လာပေးသွားချိန်မှစပြီး နေ.စဥ် အချိန်မှန်မှန် လိမ်းခဲ.သည်။ 


ကျွန်မယုံကြည်ခြင်း အလွန်ကြီးမားသူတော. မဟုတ်ပါ၊ သို.သော် ဘယ်သူဘာပြောလို. ဘယ် Rev.Dr_ ဘယ်လိုဆုတောင်းတောင်း  "ဤရောဂါဖြင်. ကျွန်မလုံးဝမသေဘူး၊ ယေရှုကားတိုင်၌ ခံခဲ.သော ဒါဏ်ချက်တော်၌ ကျွန်မရောဂါအတွက်လည်း ပါတယ်"  ဆိုသည်.  ၁ပေ ၂း၂၄ ၊ ဆာလံ ၂၃ ကဲ.သို.သော ခွန်အား ဖြစ်စေသည်. ကျမ်းပိုဒ်ကို နေ.စဥ် အာရုံပြု ဝန်ခံခဲ.ပါသည်။ 


( ဤနေရာ၌ ရေးထားသော written word ကျမ်းစာမှ အသက်ပါသော နုတ်ကပတ်တော် Speaking word ဖြစ်လာခြင်းကို နားလည်ရသည်)


၁၈ လ ကြာလာသည်.အခါ အနည်းငယ် သက်သာသလို ခံစားကာ ၂ နှစ်ကြာ လမ်းလျောက် လေ.ကျင်.ပြီး ပုံမှန်ဖြစ်လာသည်. ၂၀၁၀ မေလ ၃၁ ရက်သည်  နွားနို.ထွက်၍ စိမ်းလန်းသည်. မြက်ခင်း ရှိရာအရပ် နယ်သာလန်နိုင်ငံသို. ဘုရားသခင် ပို.ဆောင်မှုဖြင်. ရောက်ရှိလာသည်။ 


ကျွန်မပြန်လည် ကျန်းမာလာခြင်းသည် သံလွင်ဆီကြောင်.လည်း ပါသည်' ဟု အကြွင်းမဲ. ယုံကြည် ရသည်. အကြောင်းမှာ သမ္မာကျမ်းစာ၌ သံလွင်ဆီအကြောင်း များစွာ တွေ.ရပါသည်။ 


ရှာယာဂုတ် 5:14 'သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ 

မာကု 6:13 ' မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။
ဟေဗြဲ 1:9 "ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီ ။ 


ထွက်မြောက်ရာ 40:99 'လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။

 
ဆာလံကျမ်း 92:10 'အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည်။

( ဖတ်ရှုသူ အယောက်စီတိုင်းအတွက်  ခန္ဓာ၊စိတ်၊ဝိညဥ် ကျန်းမာခြင်း ကောင်းကြီးရှိပါစေ)


Thursday, July 14, 2022

၇ နာရီ သေဆုံးပြီးနောက် ကောင်းကင်သို. ချီဆောင်ခြင်းခံသည်. Dr.SaSa အဖေ Evan AB Zaathang သက်သေခံချက်

 

ကချင်၊ကရင်၊ချင်း၊ရခိုင်ပြည်နယ်နှုင်. မန္တလေး၊စစ်ကိုင်း မကွေးတိုင်းအပြင် ရွာပေါင်း ၁၂၇၂ ရွာသို. ၁၀ ‌ဖို.တဖို.နှုင်. မရှိဆင်းရဲသူ ပေးကမ်းခြင်း၊ မုဆိုးမအား ကူညီထောက်ပံ.ခြင်း ဧဝံဂေလိတရား ဟောလာ ခဲ.တာ နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီဖြစ်သည်.အတိုင်း ကိုယ်တိုင်လည်း ၁၀ ဖို. ၈ ဖို.ပေးပြီး ဘုရားထံမှ ကောင်းကြီးများစွာ ခံစားခဲ.သည်။
 

၂၀၁၀ နောက်ပိုင်း သား Dr.SaSa လုပ်ငန်းတွင် ပါဝင်ကူညီရန် လိုအပ်လာသဖြင်. အိန္ဒယ မှ လိုင်လင်းပီ ၊ လိုင်လင်းပီမှ ရေဇွာ , ရှင်းလက်ဝ, မတူပီ အစရှိသည်. အခြားမြို.သို. ဆက်သွယ်သည်. ကားလမ်းအား ကိုယ်ပိုင်စရိတ်ဖြင်. ဖေါက်ကာ ဧဝံ‌ဂေလိခရီးစဥ် မလုပ်နိုင်တော.ပေ။
 

၂၀၁၃ တွင် လိုင်လင်းပီသို. UK မှ လူဖြူ ၃ ဦး လာရောက်မည်.သတင်း ကြားရသဖြင်. ထိုအချိန် မိုးရာသီဖြစ်၍ ရေဇွာ-လိုင်လင်းပီကားလမ်း မြေပြိုပျက်စီးခြင်း ပြုပြင်ပြီးစီးမှု အခြေနေ သွားကြည်. ရန် ဆိုင်ကယ်ဖြင်. သွားခဲ.သည်။ လိုင်လင်းပီမှ ၁၂ မိုင်အကွာ လမ်းကျဥ်းရောက်သော် ဆိုင်ကယ် accident ကြုံပြီး အလွန်မြင်.မား သည်. ချောက်ကမ်းပါး အောက်သို. ကျသွားကာ အချိန်အားဖြင်. နံက် ၁၀ နာရီမှ ညနေစောင်း ၄ နာရီ ( ၆ နာရီကျော်, ၇နာရီ) အထိ သတိမရတော.ပဲ အသက်ရှူရပ်ပြီး သေခြင်း(ကောင်းကင် နိုင်ငံ)သို. ရောက်ခဲ.သည်။


ဆိုင်ကယ်မောင်းသူသည် လိုင်လင်းပီသို. သတင်းပို.ပြီး လမ်းပျက်စီးမှုကြောင်. ကား၊ဆိုင်ကယ် မသွားနိုင်ပဲ လူ ၉၀ ကျော် ခြေလျှင်ဖြင်. ကျွန်တော်.အလောင်း ဆယ်ယူရန် ရောက်လာသည်။ ချောက်ကမ်းပါး အောက်မှ လူအများ၏ သယ်ယူခြင်းကြောင်. ကားလမ်းပေါ်သို. ရောက်လာသည်.အခါ အသက်ရှူခွင်. ပြန်ရလာသည်အထိ ၇နာ၇ီကြာ ကောင်းကင်ခရီး အကြောင်း သက်သေခံပါ.မည်။
 

အသက်ရှူရပ်၍ ကိုယ်ခန္ဒာ သေသွားသည်.အခါ ကောင်းကင်တမန် တစ်ပါးက ကောင်းကင်သို. ချီဆောင်ခြင်း ခံခဲ.သည်၊၊ ကျွန်တော် ကြားဖူးသည်. တရားဟောဆရာ တချို.၏ ကောင်းကင်နိုင်ငံ အကျယ်ဝန်း " ဗျာဒိတ် ၂၁း၁၆" သည် မိုင်ပေါင်း  1,400 miles ခန်.ဖြစ်ပြီး ရွေးနုတ်သူ လူနည်းစုသာ ဝင်ဆန်.၍ လူအများဆန်.မည်မဟုတ်' ဟု  ကြားဖူးသကဲ.သို.မဟုတ်ပဲ ကျွန်တော်ကိုယ်တိုင် ရောက်သည်.အခါ ယခင်အာဒံ၊ဧဝမှစ၍ ယနေ.အထိ လူသားအားလုံး သွားရောက် နေထိုင်မည်ဆိုသော် နေရာတစ်ဝက်တောင် ပြည်.မှာမဟုတ် ကျယ်ဝန်းလှသည်။
 

မိုင်ပေါင်း 1,400 miles   ပတ်လည် အထပ်ပေါင်း ၁သိန်း ၂သောင်း ရှိကာ တစ်ထပ်တည်း၌ အာရှ တိုက်ရှိ လူအားလုံးပင် ဝင်ဆန်.၍ ပြည်.မည်မဟုတ်ပေ။ လှပသစ်လွင် ခန်.ညားခြင်းအား ပြောသော် လူ.စကား၊လူ.လျှာဖြင်. ပြောစရာ စကားရှာ၍ မတွေ.ပါ၊ အမှောင်ဟူ၍ ရှာမတွေ.ရ၊၊ ကြမ်းပြင်၊နံရံ၊ မျက်နှာကျက် ရှိသမျှ အလင်း ဖြစ်နေပြီး နေ.နှုင်.ညမရှိ အလင်းများဖြင်. နေရာ ယူလျှက်ရှိသည်။


ထိုနေရာသို. ခေါ်ဆောင်သွားပြီး Evan AB ဆိုသည်. အမည်နာမ ရေးထားသည်.အခန်းရှိမရှိ သွားကြည်.ကာ ရှိနေကြောင်း သိရသဖြင်. လွန်စွာ ဝမ်းမြောက်မိသည်။ ကျွန်တော်.စိတ်ကူး၌ ထိုအထပ်ပေါင်း ၁ သိန်းကျော်အနက် အထပ် ၆၀၀, ၇၀၀ ကျော်၌ ကျွန်တော်.အခန်း ရှိနိုင် ကောင်းသည်ဟု ထင်မှတ်ခဲ.သည်နှုင်. အလွဲကြီးလွဲကာ ဒုတိယအောက်ဆုံးခန်းသည် ကျွန်တော် နေထိုင်မည်. ကောင်းကင်အခန်း ဖြစ်ကြောင်း တွေ.ရသည်။


မြေကြီး၌အသက်ရှင်စဥ် ဘုရားသခင်. နိုင်ငံတော်အတွက် အမှုတော်မြတ်၌ ဒီလောက်ထိ အလုပ်လုပ် ပြီး ၁၀ဖို. ၈ ဖို. မှန်မှန်ပေးကာ၊ မစ်ရှင်အတွက် သာသနာ လုပ်ငန်း၊ မိမိစရိတ်ဖြင်. ခရစ်စမတ်ပွဲများ နှစ်စဥ်လုပ်ပေးခြင်း၊ မရှိဆင်းရဲသား၊မုဆိုးမ ကူညီခြင်းများ နှစ်ပေါင်း ၃၀ ကျော် လုပ်ဆောင် ခဲ.ပါသော်လည်း  အထပ် ၁သိန်းကျော်အနက် အောက်ဆုံး ဒုတိယအခန်း၌ နေရာရခြင်းအပေါ် နားမလည်နိုင် အံ.သြတွေဝေခဲ.သည်။
 

ကျွန်တော်.အခန်း အောက်ဆုံး၌ နေထိုင်မည်.သူ အဘယ်သူတွေနည်းဟု ကောင်းကင်တမန်အား မေးသော်... ဧဝံသတင်းကောင်း ကြား၍ ကယ်တင်ခြင်း ရပြီးသော်လည်း ဘုရားအမှုတော်မြတ်၌ မပါဝင်အား၊ ဘုရားအတွက် အလုပ်မလုပ်မီ အသက်သေဆုံးသူများ နေထိုင်မည်.အခန်း ဖြစ်သည်ဟု" ကောင်းကင်တမန်က ဖြေဆိုသည်။
 

ထိုသို.ဆိုသော် အဖိုး-ရှင်ပေတရု၊ အဖိုး- ရှင်ယောဟန်တို. ဘယ်အခန်း၌ နေပါသနည်း၊ တွေ.လို. ရမလား မေးသော်" ၊ ဘာအလိုရှိသနည်း ဟုဖြေပြီး 'သူတို.နဲ. စကားပြောချင်တယ်' ဖြေလိုက်ရာ သူတို.နေထိုင်ရာ အထပ်သည် အပေါ်ဆုံးထပ်ဖြစ်ပြီး အခန်းနံပတ် ' ၁၁၁၉၉၉ ' ဖြစ်၏။  သင်.အနားရှိ ဖုန်းကိုကိုင်၍ နံပါတ် ၁၁၁၉၉၉ နှိပ်ပါ'ဟု မိန်.တော်မူလျှက် ကျွန်တော်.ရှေ.မှောက်၌ ဖုန်းပေါင်း မရေတွက်နိုင် တွေ.ရပြီး သူပြောသည်. နံပါတ် နှိပ်သည်.အခါ ...,


Hello...အဖိုး Peter ဟု ပြောလို.ပြီးပြီးခြင်းပဲ သူ.အနား၌ အလိုလို ထိုင်ပြီးသား ဖြစ်သွားကာ သူ.အနီးအနား ပတ်ဝန်းကျင်၌ သေလွန်ပြီးသော ကျွန်တော်.တို.၏ အမှုတော်ဆောင် Pastor , လူကြီးများစွာကို လှမ်းမြင်တွေ.ရသော်လည်း စကားပြောဆိုခွင်. မရခဲ.ပေ။ ဘာအလိုရှိလို. ခေါ်သနည်း ဟု အဖိုး-ရှင်ပေတရု မေးသော် " အကျ်နုပ်နာမည် AB ပါ၊ လောက၌ နေစဥ် ဘုရားအမှုတော်မြတ်၌ နှစ်ပေါင်း ၃၀ ကျော်ပါဝင်ပြီး ၁၀ဖို. ၈ ဖို. မှန်မှန်ပေးတယ်၊ ဘုရားကျောင်း ဆောက်လုပ်ရေး၊ ဆင်းရဲသား၊ မုဆိုးမတို.အား ပေးကမ်းလှူဒါန်းခဲ.တယ်၊၊ ဘာကြောင်.များ အောက်ဆုံး ဒုတိယခန်း၌ နေရာရသနည်း သိချင်ပါတယ် မေးသော် "
 

အဖိုး ရှင်ပေတရုက - ငါ.သား! သင်အမှုတော်ဆောင်သည်. နေရာနှုင်. ဧဝံဂေလိ သွားသည်.အခါတိုင်း လူထု၏ ကြိုဆိုသြဘာပေးခြင်း၊ လက်ဆောင် ချီးမြင်.ခြင်း၊ အကောင်းဆုံး အစားစာဖြင်. ဧည်.ခံခြင်း၊ ရေချိုးလိုက ရေနွေးဖြင်. ချိုးစေကာ သင်၌လက် ပါရှိသော်လည်း မိခင်များက သူတို.လက်ဖြင်. ကျီးသွန်းဆပ်ပြာ တိုက်ပေးခြင်းအပြင် အိမ်ပြန်လက်ဆောင် သားသမီးများအဖို. ဝတ်စရာ အကောင်းတကာ. အကောင်းဆုံး အဝတ်အစားများ ထည်.ပေးကြသေးသည်။

 
သင်သည် လောက၌ ငါ.အမှုတော်ဆောင်ရင်း ရရှိမည်. ကောင်းကြီးမင်္ဂလာဟူသမျှ သိမ်းကျုံး၍ ခံစားကာ စိုက်သည်.အတိုင်းလည်း ပြည်.လျှံလျှက် ရိတ်သိမ်းခဲ.ပြီ မဟုတ်ဘူးလား။ ငါတို. အသက်ရှင်စဥ်၌ ယေရှုဝိညဥ် လက်ခံသည်.နေ.မှစပြီး လဖက်ရည်တခွက် သောက်ပါဟု ပေးကမ်းသူ မရှိဘူး၊ ရိုက်နှက် တံတွေးထွေးခံ၍ ခဲနှင်.ပေါက် ၊ အမှောက်တိုက်၌ သံခြေကျည်းခတ် ထောင်ချကာ ၊ ခြင်ကိုက် နာကျင်လည်း ကုတ်ခွင်.မရခဲ.ပါ။
 

သင်သည် လောက၌ အမှု‌တော်ဆောင်ရင်း ကောင်းကြီးမင်္ဂလာ ရေတွက်လို. မကုန်အောင် ခံစားပြီးပြီ၊ အခုချိန် သင်.သား SaSa လည်း ဒေါက်တာ ဖြစ်ပြီး၊ သူ.အမျိုးသမီးလည်း ဒေါက်တာ ၊ သားငယ် Sa Kio လည်း ‌ဒေါက်တာ ဖြစ်ပြီ ဆိုတော. လောက၌ ကောင်းကြီးများစွာ ခံစားပြီဖြစ်၍ ကောင်းကင် နိုင်ငံ အောက်ဆုံးအခန်း၌ နေရာရခြင်းသည် ကောင်းပေ၏ , သင်.တော်ပါ၏ မဟုတ် လား' ဟု ဖြေခဲ.သည်။
 

အခန်း ၇၇၇ ၌ နေထိုင်သည်. မုဆိုးမအား သူ.ကိုသိသလားဟု Video ကဲ.သို.ပြသော်...' ယခင် ကျွန်တော် ဧဝံဂေလိခရီး သွားသည်.အခါ  အလွန်စားချင်သည်. ခရမ်းသီးနဲ. ကြက်ဥ ၂ လုံးပေးခဲ.သည်. သေလွန်ပြီးသူ မုဆိုးမအား လှမ်းမြင်ရပြီး ထိုမုဆိုးမ၏ အခန်း ၇၇၇ ၊ ကျွန်တော် အခန်းသည် အောက်ဆုံး၌ရှိနေခြင်း၏ ရှင်ပေတရု ဆိုလိုရင်းကို အဓိပါယ်ကို သဘော ပေါက် သွားသည်၊ ထို.ကြောင်. လောက၌ အသက်ရှင်စဥ် လိုအပ်နေသူ မရှိဆင်းရဲသူအား ထောက်ပံ. ခြင်းသည် ကောင်းကင်အရပ်၌ ကောင်းကြီးမင်္ဂလာ Credit ဖြစ်ကြောင်း သက်သေခံ ဝေမျှပါသည်။


Dr.SaSa ဖခင် Evan AB Zathang သက်သေခံချက် (ပထမပိုင်း)


(၉)နှစ်ကျော် (၁၀)နှစ်နီးပါး ပြည်သူ.ရဲတာဝန် ထမ်းဆောင်ရင်း စီးပွါးရေးလုပ်ရန် ဆန္ဒပြင်းထန်သဖြင်. ထွက်စာတရားဝင် တင်ကာ အလုပ်မှထွက်ပြီး ဘုရားတရားမသိ စီးပွါးရေးလုပ်ခြင်း ဖြစ်သော ကြောင်. ပလက်ဝပြည်သူ.ရဲ၏ ဖမ်းဆီးခြင်း ခံလျှက် ရခိုင်ပြည် စစ်တွေအချုပ်ထောင်သို. ရောက်ခဲ. သည်။


ထောင် (၇)နှစ် ကျရန် ဖြစ်သော်လည်း ရှေ.နေဌါးပြီး ၃လ ကျခံရန် အမိန်.ကျလာသည်.အချိန်နှုင်. ရန်ကုန်ထောင်ချုပ် ခရီးစဥ် တိုက်ဆိုင်ကာ ထောင်သားတဦးလွတ်ပေးနေကျ ဖြစ်သည်.အတိုင်း ထောင်သက်တမ်း (၂၇) ရက်သာ ရှိသေးသည်. ကျွန်ုပ်အား လွတ်ပေးလျှက် ထောင်မှူးထံမှ လက်ဆောင် ၁၈၀ ကျပ် ခရီးစရိတ်နဲ.အတူ လွတ်မြောက်လာပြီး လမ်းစရိတ် ၈၀ ကျပ် ကုန်ကျ၍ ၁၀၀ ကျပ်ဖြင်. အိမ်သို. ရောက်ခဲ.သည်။

ထောင်မှလွတ်ပြီ ဖြစ်သော်လည်း ရှေ.နေဌါးခ အကြွေး ၁၄၀၀၀ ကျပ် ပေးဆောင်ရန် ထိုစဥ် ကာလပေါက်စျေး  နွားနောက် တစ်ကောင် ကျပ် ၂၀၀ နှုန်း ( အကောင် ၇၀ )ဘယ်လို ဆပ်နိုင်မည်နည်း ကြံရာမရ၍ ( ၂၀ )လ ဆုတောင်းရန် ဆန် ၁ပုံးနှုင်.အတူ တောအရပ်သို.' ထွက်ပြီး ၁၀ရက်တကြိမ် နိုးဆီတဗူး စားခဲ.သည်။ သမ္မာကျမ်း အစအဆုံး ၇ ကြိမ် ဖတ်ရှုပြီး ကျမ်းစာ၌ ပေးကမ်းခြင်း ၃၀၀ ထက်မနည်း ဖေါ်ပြတာတွေ.ရသည်။

တောအရပ်မှအိမ်သို. ရောက်သော် ထောင်မှူးပေးသည်.  လက်ကျန်ငွေ ၁၀၀ အား ယုံကြည်ခြင်း မျိုးစေ.ကြဲပြီး ရှင်းလက်ဝမြို.မှ နာနာသီးကို အိန္ဒယသို. သယ်ယူပြီး ၃ လအတွင်း အကြွေး ပေးချေနိုင်ရုံမက ၁၀၀၀၀ ကျပ် ပိုလျှံသည်အထိ ရခဲ.သည်။ သရက်သီးနှုင်. တောထွက် ကြိမ်လုံးခုတ်ပြီး အိန္ဒယသို. ရောင်းသည်.အခါ ၁၈၀၀၀၀ ကျပ်အထိ အမြတ်ရလျှက် ထိုအထဲမှ ၁၀ ပုံ ၈ ပုံအား မျိုးစေ. ကြဲခဲ.သည်။ ထိုသို. ပုံမှန် ၅ နှစ်အတွင်း မျိုးစေ.ကြဲခဲ.ရာ ကျားအရိုး ရောင်းဝယ်ရေး ခေတ်စားလာရာ ၇ လအတွင်း ကျား ၉ ကောင် ဖမ်းခွင်.ရပြီး ၁၅ သိန်းခန်. အမြတ်အစွန်း ရခဲ.သည်။

 ဤနှေဦးတော်လှန်ရေးသည် ၂၀၂၂ ကုန်ဆုံးသည်.အခါ တခုခု အပြောင်းအလဲ ရှိမည်ဟု ယုံကြည်ပြီး ရောမ ၈း၂၈ အရ ဘုရားသခင်၏ အခွင်.တော်ဟု ခံယူသည်။ မိသားစု အသိုင်းဝန်းများကို တမာန်တော် ၁၀း ၃၄-၃၅ ကို အမြဲ သွန်သင် လေ.ရှိသည်။

သုတ္တံ 11:24 "စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
25 စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။

  သုတ်တံ-၁၇း၅ 'ဆငျးရဲသားတို့ကို မထီလေးစားပွုသော သူသညျ ဖနျဆငျးတောျမူသော ဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ် နှင့် မလွတ်ရ။

ကျမ်းစာကပြောသည်. ဆင်းရဲသား ဆိုတာ...ရှင်ပေါလုက  'မလုပ်သူ မစားပဲနေစေ' ဟု ၂ သက် ၃း၁၀ ၌ ပြောသည်. အတိုင်း အလုပ်မလုပ်ချင်၊ ငပျင်း တောင်းစားသူတွေကို မဆိုလိုကြောင်း၊ တိုင်းပြည်နဲ. လူမျိုး ကောင်းကျိုးအတွက် အလုပ်လုပ်ရင်း ဒုက္ခဆင်းရဲခြင်းသို. ရောက်နေသူ အပေါင်းကို ဆိုလိုခြင်း ဖြစ်သည်။

သုတ္တံ- ၁၉း၁၇ ၌ 'ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့်မည်' ဆိုသည်. ကျမ်းစကား လာသည်.အတိုင်း သက်သေခံလိုသည်မှာ.... ကျွန်တော်သည် သာမန် လူတွေထက် အရပ်မောင်းကောင်း အားရှိ၍ ပစ္စည်းလည်း ထမ်းနိုင်သဖြင်. အိန္ဒယ၌ အတူအလုပ်လုပ်သည်. ရခိုင်ညီအကို ကျွန်တော်ထက် ၂ နှစ်ငယ်သူအား လုပ်ခ သုံးပုံ ၁ ပုံ ပေးလေ.ရှိသည်။

နှစ်အတန်ကြာ ရခိုင်လူမျိုးရှိရာ ထရွိုင်၊ရှင်းလက်ဝ ကျွန်တော်. Crusade လုပ်ပြီး လမ်းခုလပ်၌ ယခင် အလုပ်အတူ လုပ်ဖူးသည်. ရခိုင်ညီအစ်ကိုနှုင်. တွေ.ပြီး 'သူ.ကိုယ် ခေါင်းမှခြေထိ ကြည်.သော် လက်တဖက်မပါသည်. အင်္ကျာီဝတ်ပြီး ဘောင်းဘီ အရောင်နွမ်းနွမ်းဝတ်ကာ စီးသည်. ဘိနပ်ကြိုး လည်း အဝတ်နှုင်.ဆက်ထားသည်ကို သတိထားပြီး နုတ်၌မဖေါ်ပြသော်လည်း အထင် သေးသည်. စိတ် ဝင်မိသည်။

ထိုသို.စကားပြောပြီး လမ်းခွဲရာ တည်းခိုအိမ် ရောက်သော် သုတ္တံ- ၁၉း၁၇ ကို ဘုရားသခင်ဖေါ်ပြပြီး ထိုသူကို အပြေးအလွှားလိုက်ရှာရင်း ဆိုင်ရှေ.ထိုင်ခုံ၌ ကူလီထမ်းရန် လာဌါးမည်.သူအား စောင်.နေသည်ကို တွေ.ရသည်။ ' ငါ.ကို ခွင်.လွတ်ပါ၊ အိန္ဒယမှာ ဒီလောက် စီးပွါးရှာပြီး ဒီအခြေနေရောက်နေသည်. ညီအကိုအား စိတ်ထဲ၌ အထင်သေးပြီး ဘုရားသခင်ကို ပြစ်မှားမိပြီ" ဟု တောင်းပန်ပြီး သူ.အတွက် အင်္ကျာ၊ဘောင်းဘီ၊ဆပ်ပြာ တစ်စုံစီ ဝယ်ပေးကာ ဘုရားခွင်.လွတ် လောက်ပြီဟု ထင်မှတ်ကာ ကျေနပ်ခဲ.သည်။သို.သော် ဘုရား မခွင်.လွတ်ဘူးပဲ။

India ( Saiha) မြို.သို. Crusade လုပ်ရန် သွားရောက်ပြီး Saiha မြို.အဝင်၌ အရက်သမား လူငယ် ၃ဦးက ငါတို. Mara မြို.‌တော် Saiha ကို အရုပ်ဆိုးတဲ. မင်းလိုလူ ပေးမဝင်ဘူး' ဟု ဆီးတား ရန်ပြုလျှက် ' အော်...ငါ သူတပါးကို အထင်သေးခဲ.သမျှ ရိတ်သိမ်းခဲ.ပြီ ဟု မျက်ရည် ကျခဲ.သည်။ ထိုလူငယ် ၃ ဦးက ကျွန်တော်. မျက်ရည်မြင်ပြီး ငါတို.ကို ကြောက်လို. ငိုသည်ဟု ယူဆကာ ရိုက်နှက်ခြင်း မပြုကြောင်း သက်သေခံခဲ.သည်။

Monday, July 11, 2022

ဘုရားသခင် လူသားများအတွက် မူလအကြံစည် (အပိုင်း-၈)

ကောင်းမကောင်း အပင်မှ အသီး စားလျှင်အပြစ်အခ သေခြင်းသို. ရောက်မည်.အကြောင်း သိမှတ်စေရန် ဘယ်သွားသွား မြင်သာထင်သာသည်. ဥယျဥ်အလယ်၌ စိုက်ထားခြင်းဖြစ်ပြီး ယနေ. ကျွန်တော်တို. ရွေးချယ်မှုကို ထိန်းချုပ်သည်. ပဲ.ကိုင်ရှင်သည် ငါတို.ခန္ဓာ အလယ်ဗဟို၌ ရှိသော စိတ်နှလုံး ဖြစ်သည်။

ဧဒင်ဥယျဥ် ဖန်ဆင်းခြင်း ဘုရားအကြံစည်သည် ကောင်းကင်နိုင်ငံ၏ အုပ်စိုးခြင်းကို မြေကြီး၌ အုပ်စိုး Domain ကာ ကိုလိုနီပြုဖို. (တနည်း) အလိုတော် ကောင်းကင်၌ တည်သကဲ.သို. မြေကြီး၌ တည်စေဖို. ဖြစ်သော်လည်း အာဒံနှုင်.ဧဝသည် အသက်ပင် Solfware Download မည်.အစား ၊ သေခြင်းအပင် အပြစ်လက္ခဏာ အပင်ကို ရွေးချယ်ခြင်းဖြစ်သည်။

နာမ်ဝိညဥ်ဘုရားနှင်. နာမ်ဝိညဥ်စာတန် အလုပ်လုပ်ရန် (သို.) တခုခု ဖျက်စီး တည်ဆောက်ရန် တိုက်ရိုက်ဖျက်စီး တည်ဆောက်၍ မရပေ၊ တစုံတခုသော ဝိညဥ်ရှိသည်. ခန္ဒာကို အသုံးပြု ခြင်း ဖြင်.သာ အလုပ်လုပ်နိုင်သည်။ သေခြင်းဖြစ်လာရန် မြွေခန္ဒာ အသုံးပြုသကဲ.သို. ရှင်ခြင်း ဖြစ်လာ စေရန် ယေရှုခန္ဒာကိုယ် အသုံးပြုခဲ.သည်။ ယနေ. စာတန်သည် သင်.ခန္ဒာ သင်.နုတ်လျှာ၊ သင်.ခြေ လက် သင်.နှလုံးသား ခွင်.ပြုချက်မရပဲလျှက် သင်.ခန္ဓာသို. ဘယ်အရာမှ အလုပ်မလုပ်နိုင်ပါ။

ကောင်းကင်၌ လူစီဖါ ( စာတန်) သည် ဘုရားအကြံစည် ဖျက်စီးရန် မြွေခန္ဓာ အသုံးပြုလျှက် ဧဝကို လှည်.ဖျားပြီးနောက် အာဒံသည်လည်း ဘုရားပညတ် သိသိကြီးနဲ. ဧဝအပြစ်နှုင်.ထပ်တူ အသီးစားဖို. ရွေးချယ်လိုက်သည်.အခါ ဘုရားသဏ္ဠာန်တူ  likeness images ( Physical , Spritual) ၂ မျိုးလုံး ဆုံးရှုံး ပျောက်ကွယ်သွားသည်။ ( လေ.လာသူများ အဆိုအရ အာဒံ၊ဧဝ၌ နဂိုဘုရားထည်.ပေးသည်. 90% မရှိတော.ကြောင်း သိရသည်)

စာတန်သည် ဘုရားနဂိုမူလ အကြံစည်အား မြွေခန္ဒာသုံးပြီး လူမိန်းမ ဧဝ အား လှည်.စားသည်. နည်းတူ မိန်းမခန္ဒာ အသုံးပြုပြီး သင်.ခေါင်းကို ကြိတ်မည်. (ယေရှု) မွေးလာမည်. အကြောင်းလည်း ကမ္ဘာဦး 3:15 ၌ တွေ.ရသည်။ 

ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း

👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း  သမ္မာကျမ်းစာအရ သိရသည်။   ✅OT ထမြောက်ခြင်း၌  ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9]  ✅NT ...