(1) ဘာ.ကြောင်. ဧဒင်ဥယျဥ်၌ ကောင်းမကောင်း သိကျွမ်းရာ အပင် စိုက်ရင် အာဒံနဲ.ဧဝစားပြီး အာဒံမျိုးဆက် အားလုံး အပြစ်အခ သေခြင်း ရောက်မည်မှန်း ကြိုသိ၊ကြိုမြင် သည်.ဘုရားက ဘာ.ကြောင်. စိုက်သနည်း? ဆိုသည်. မေးခွန်းသည် လွယ်သယောင်နဲ. အလွန်နက်ရှိုင်းလွန်းလှပါသည်။
လူတိုင်းနားလည်မည်. မြန်မာစကားလုံး အသုံးပြုသွားမည်ဖြစ်သဖြင်. ဆက်တိုက် ဖတ်ပေးကြပါရန် ဦးစွာ မေတ္တာ ရပ်ခံလိုသည်။ ဘာ.ကြောင်. ထိုအပင်စိုက်သလဲ? ဆိုသည်.အမေး မဖြေခင် နောက်ခံသမိုင်း သိရန်လိုပြီး မယုံကြည်သူ မဆိုထားဘိ၊ ယုံကြည်သူ ၉၀% အတွေး၌ ကောင်းမကောင်း အပင်၏အသီး စားသည်. အချိန်၊နာရီမှစ၍ ကမ္ဘာ၌ အပြစ် ဝင်သွားသည်ဟု ထင်မှတ်ကြသည်။ (မမှားပေမဲ. တစ်ဝက်ပဲ မှန်ကြောင်း နောက်မှရေးမယ်)
ဘုရားသခင်က လူအာဒံနဲ. လူဧဝကို ဖန်ဆင်းပြီး ယနေ.အထိ ကမ္ဘာကြီး နောက်ခံသမိုင်းကို အောက်ပါပုံဖြင်. ဖေါ်မည်၊ ဤပုံကို သဘောပေါက်ပါက ခရစ်တော် မနက်ဖန်တဖက်ခါ ကြွလာမလိုလို လွန်ခဲ.သော နှစ် ၂၀၀၀ က ရှင်ပေတရု၊ ရှင် ပေါလုတို. ပြောခဲ.ကြသည်.နည်းတူ တရားဟောဆရာ၊ ဧဝံဂေလိ ဆရာ အပေါင်းလည်း ထိုနည်းတူ ဟောပြောကြသော် လည်း ယနေ.ထိ မကြွလာသေးပါလား? ဆိုသည်. မေးခွန်းအတွက် အဖြေပေး ပြီးသား ဖြစ်သည်။
ချီဆောင်ခြင်း သင်ခန်းစာ မဟုတ်ပဲ၊ ဖန်ဆင်းခြင်း အကြောင်း ဖြစ်သော်လည်း အဆက်စပ်ရှိနေကြောင်း အောက်ပါပုံ အနည်းငယ် ရှင်းပြမှ အစဥ်ပြေမည်။ အတိအကျ မဟုတ်သော်လည်း အနီးစပ်ဆုံး ဖေါ်ပြမည်ဆိုသော်...(၁)အာဒံမှ နောဧ အထိ နှစ် (၁၀၀၀) အတွဲ ၁ ရထား၊ နောဧမှ အာဗရာဟံ နှစ် (၁၀၀၀) အတွဲ ၂ ရထား၊ အာဗရာဟံမှ ဒါဝိတ်အထိ နှစ် ၁၀၀၀ အတွဲ ၃ ၊ ဒါဝိတ်မှ ယေရှုအထိ နှစ် (၁၀၀၀) အတွဲ ၄ ရထားတွဲ၌ မွေးရာမှ သေသည်ထိ စီးနင်းလိုက်ပါကြသည်။
(လူ.အသက် နှစ် ၁၀၀၀ ကျော် မှ မရှိတာ)
ယေရှုခရစ် မှ ယနေ.အထိ နှစ် ၂၀၀၀ ၊ ယနေ.မှ နောက် နှစ် ၁၀၀၀ နိုင်ငံတော်ခေတ်၊ နိုင်ငံတော်မှ ကောင်းကင်သစ် မြေကြီးသစ်အထိ ထာဝရ။ ဘုရားသခင်သည် အတွဲ (၁) မှ အတွဲ (၆) အထိ ရထားတွဲ အထဲ၌ ရှိနိုင်သလို အပြင်၌လည်း ရှိနိုင်သည်။ လူမူကား အတွဲ ၁ရှိ အာဒံ အတွဲ ၂ သို. မလာနိုင်သလို အတွဲ ၂ ရှိ ဒါဝိတ်လည်း အတွဲ ၃ သို. မလာခင် သေသွားကြသည်။
ကမ္ဘာကြီးသည် ရထားကဲ.သို. အရှည်လိုက် မဟုတ်သလို အပြားလိုက်မှ မဟုတ်တာ။ ကမ္ဘာဦး ၁ ၌ ကောင်းကင် များ Heavens နှုင်. မြေကြီး ဖန်ဆင်း၏ ' ဟု ပြောထားသည်. အတွက် ကျွန်တော်တို. အာဒံမျိုးဆက် နေထိုင် လာခဲ.သည်. ကမ္ဘာတခုတည်း မဟုတ်ပဲ အခြားကမ္ဘာလည်း ရှိနေနိုင် ကြောင်း နားလည်ရသည်။ ထိုအခြားကမ္ဘာကို မူလ ကမ္ဘာဟောင်း Old world Group (၁)ဟု ခေါ်ပြီး အာဒံ၊ဧဝ မှ ယနေ. ကျွန်တော်တို. နေထိုင်သည်. New Wolrd ကမ္ဘာကို (၂) ဟု အမည် ပေးပါ.မည်။
No comments:
Post a Comment