ကျမ်းစာ စဖွင်.ဖွင်.ခြင်း 'အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှုင်. မြေကြီးကို ဖန်ဆင်း၏ ' ဟု ကမ္ဘာဦး ၁း၁ 'အစအဦး= in the beginning ဆိုသည်. 'အချိန်' ကို ပထမဆုံး စတင်မိတ်ဆက်လျှက် ထို'အချိန်' မရှိမီ ဘုရားရှိကြောင်း ဖေါ်ပြကာ ဒုတိယအနေဖြင်. "ကောင်းကင်"ကို မိတ်ဆက်ကာပြီး တတိယကျမှ မြေကြီးကို မိတ်ဆက်ပေးခြင်းသည် အလဟာတ အဓိပါယ်မဲ. ကြုံသလိုရေးခြင်း မဟုတ်ပါ။
မျက်စိဖြင်. မြင်ရသော visible thing လောကီရေးရာကို မနက်ထထခြင်း တနေ.တာ၏ ပထမဆုံး သင်.-အာရုံ၊နှလုံးသားထဲမှာ နေရာယူ ဦးစားပေးဖို. ဘုရားသခင်၏ နဂိုမူလ အကြံစည်နှုင်. အလိုတော် မဟုတ်ဘူး၊ ဝိညဥ်ရေးရာနယ်ပယ် ဖြစ်သော မျက်စိဖြင်. မမြင်နိုင်သည်. ကောင်းကင်ရေးရာ များကို တွေးတောဆင်ခြင်ရန် ဘုရားသခင် အလိုရှိသည်။ (ဆရာကြီး Benny "Good Moring Holy Spirit " စာအုပ် ဖတ်ဖူးသူများ နားလည်လိမ်.မည်)
ဘုရားအလုပ်လုပ်ပုံနှုင်. လူအလုပ်လုပ်ပုံ ကွာခြားချက်သည် လူအများစုက ဒီနေ.ဘယ်အချိန် ဘယ်ကိုသွားပြီး ဘာလုပ်မယ် ၊ဘာစားမယ် ဆိုသည်. အရာများကို မနက်မထမီ အိပ်ယာထဲ၌ ကြိုတင် Plan ဆွဲလေ.ရှိ၏ (တနည်း) ဇာတိခန္ဒာ လောကီအရာအတွက် အရင်ဦးဆုံး Plan ဆွဲပြီးမှ သာ အချိန်ရရင်, အားရင် ဝိညဥ်ရေးရာကို ဆင်ခြင်လေ.ရှိသည်။
(ခက်တာက ဘယ်တော.မှ မအားဘူး altijd druk op mijn hoofd ) ဘုရားမူကား ဝိညဥ်မှ အစပြုပြီး စိတ်၊ခန္ဒာသို. အလုပ်လုပ်သည်. နိယာမရှိ၍ ငါ.အကြံစည်နှုင်. သင်တို.အကြံစည် ဖီလာ ဆန်.ကျင်ကြောင်း၊ ထိုသို.ဆိုလျှင် ဘုရားရောက်စေလိုသည်. ပန်းတိုင်သို.မရောက် ဘုရားသွား စေလိုသည်. အရပ်နှုင်.ပြောင်းပြန် ဘုရားမတွေးစေ လိုသည်.အရာ တွေးနေသမျှ ကာလပတ်လုံး ဘုရားမသွား စေလိုသည်. နေရာ၊ဘူတာသို. ဧကန်အမှန် ရောက်မည်. အကြောင်း သတိ ထား သင်. သည်။
24/7 hrs တပတ်တာ ၁၆၈ နာရီ တနင်္ဂနွေ ၂ နာရီ ဘုရားကျောင်း၌ အချိန်ပေးခြင်းဖြင်. ဝိညဥ်လူ ဖြစ်ပြီဟု ယူဆလျှင် ဘုရားကို လိမ်နေသကဲ.သို. မိမိကိုယ်မိမိ လိမ်နေကြောင်းလည်း သိသာ ထင်ရှားနေသည်။ နေ.စ္စဓူဝ အလုပ်လုပ် သွားလာ စားသောက် ပြောဆို ပေးကမ်း အလှူ ထည်.ခြင်း ဟူသမျှ နာမ်ဝိညဥ်မှတဆင်. ထိုးဖေါက် စီးဆင်းခြင်းဖြစ်လျှင် ရွှေ၊ငွေ၊ကျောက်ကောင်းဟု ဘုရားသခင် သတ်မှတ်ပြီး ကောင်းကင်အရပ်၌ ရိတ်သိမ်းစရာ Credit စုဆောင်းနေခြင်းဖြစ်သည်။
No comments:
Post a Comment