Monday, July 11, 2022

ဘုရားသခင်၏ နဂိုမူလ အကြံစည် ( အပိုင်း- ၇ )

 ကမ္ဘာဦး ၁း၁ မူရင်းဟေဗြဲကျမ်း၌ ယေရှုခရစ် အသေသတ်ခံကြောင်း တွေ.ရသည်.နည်းတူ ဗျာဒိတ် 13:8 ကမ္ဘာဦး ကပင် ကွတ်မျက်သော သိုးသူငယ် (ယေရှု) အသေခံမည်. အကြောင်း တွေ.ရသဖြင်.  ဗျာဒိတ်ကျမ်းရှိ ကမ္ဘာဦးသည် လက်ရှိ ကမ္ဘာမတည်မရှိမီ ဘုရားသခင်.နှလုံးသား၌ ယေရှုအသေခံပြီ ဖြစ်ကြောင်း နားလည်ရသည်။ ဘုရားသခင် ဖန်ဆင်းခြင်း ၆ ရက် ကြည်.သော်..., 

 
    Day 1: Light 
    Day 2: Atmosphere / Firmament
    Day 3: Dry ground & plants
    Day 4: Sun, moon & stars
    Day 5: Birds & sea creatures
    Day 6: Land animals & humans
    Day 7: The Sabbath of rest


ပထမဆုံးနေ.၌ နေကို မဖန်ဆင်းသေးသော်လည်း  ဘယ်အရာဖြင်. မြင်နိုင် သွားနိုင် လှုပ်ရှား နိုင် သနည်း ဆိုသော် နေ၊လ၊ကြယ် "အလင်း" မဟုတ်၊ ယေရှုခရစ် တည်းဟူသော နုတ်ကပတ် တော် အလင်းဖြစ်သည်။
အလင်းနှုင်. အမှောင် အတူနေ၍ မရသဖြင်. အလင်းနှုင်.အမှောင် ခွဲခြားသည်ဟု ဆိုသည်။ ထိုအလင်း ကို သမ္မာဟောင်း တခုလုံး ဖေါ်ပြပြီး ရှင်ယောဟန် ပြောသည်. အလင်းထဲ၌ ရှိကြလော.' သည် ယေရှု ထဲ၌ ရှိခြင်းကို ဆိုလိုသည်။

(ဥယျဥ်အလယ်၌ (သေခြင်း/ရှင်ခြင်း) နှစ်ပင်သည် သေခြင်း= ဘုရားနှုင်. ကွဲခွါခြင်းဖြစ်ပြီး ဘုရားသခင်နှုင်. ပထမဆုံးလမ်းခွဲသူသည် အာဒံ၊ဧဝမဟုတ် လူစီဖါ ဖြစ်သည်။ လူစီဖါ = သေခြင်း၊ မှောက်မိုက်တန်ခိုး၊ ငရဲ .... ယေရှု= အလင်း၊ အသက်ရှင်ခြင်း၊ ထာဝရအသက်)

ဘုရားသခင်သည် ဥယျဥ်ထဲ၌ သေခြင်း/ရှင်ခြင်း သိကျွမ်းရာအပင် စိုက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် အာဒံ၊ဧဝ၌ အပ်နှင်းခြင်းသည် သေခြင်း/ရှင်ခြင်း ငါ.လက်ထဲ၌ မရှိဘူး၊ သင်.လက်ထဲ၌ ရှိကြောင်းကို ပြောဆိုခြင်း (တနည်း) ဘုရားဖန်ဆင်းသမျှ သေခြင်း,ရှင်ခြင်းကို အာဒံဆုံးဖြတ်ချက် အာဒံလက်ထဲ၌ ရှိကြောင်း နားလည်ရကာ လူစီဖါ သေခြင်း/ရှင်ခြင်း ပင်လျှင် အာဒံလက်ထဲ၌ ရှိသည်။

( အာဒံ နှုင် ဧဝသည် ထိုအပင်မှ အသီး မစားလျှင် ယေရှုလည်း လောကသို. ကြွလာပြီး ကားတိုင်၌ အသေခံစရာ မလိုပဲ စာတန်ကို အနက်ဆုံး ငရဲတွင်းထဲ တန်းချဖို. ဖြစ်သည်၊ ထို.ကြောင်. နာမ်ဝိညဥ် စာတန် သေခြင်း ရှင်ခြင်းပင်လျှင် အာဒံ ဧဝလက်ထဲ ရှိကြောင်း နားလည်ရသည်)

 

ထာဝရဘုရားသခင် နဂိုမူလ အကြံစည်( အပိုင်း -၆)

ဘုရားဖန်ဆင်းခြင်း ၆ ရက်ကို ကြည်.သော် ကောင်း၏,ကောင်း၏ အလွန်ကောင်း၏ ဟု သူဖန်ဆင်း သည်.အရာအား သူ.ကိုယ်သူ ချီးမွမ်း၍ ပြောဆိုနေသည်ကို တွေ.ရပြီး၊ ထိုသို. သူ.ကိုချီးမွမ်းမည်.လူ ကမ္ဘာဦး ၁ ၌ မရှိမီ ဤသို.ပြောဆို အတိမှတ်ပြုခြင်းသည်  သူလုပ်တာကိုပဲ သူကြိုက်ပြီး၊ အတိမှတ် ပြုတယ် ဆိုတာ နားလည်ရသည်။ ထိုသို.ဆိုသော် ဘုရားဝိညဥ် ငါတို.အထဲ၌ ရှိပြီး ၊ ထိုဝိညဥ် အသက်ဖြင်. အသက်ရှင် ပြုမူရန် ဝိညဥ်တော် မ,စခြင်း ခံယူဖို.လိုသည်။

ထိုသို. ဘုရားအတိမှတ်ပြု ချီးမွမ်းမည်. အလုပ်သည် လူလုပ်ခြင်းမဟုတ် ဘုရားလုပ်ခြင်း (သို.) ဘုရားသင်.အထဲ ဝိညဥ်မှ လုပ်ခြင်းကိုသာ အတိမှတ်ပြု ထာဝရ တည်မြဲပြီး အသင်း‌အဖွဲ.စည်း၊ အတိမှတ်ပြု မပြုပြု ဘုရားအတိမှတ် ပြုခြင်းသည် ထာဝရတည်ကြောင်း ဘုရားသိစေလိုသည်. ဘုရားနိယာမ သဘောတရား ဖြစ်သည်။

ဘုရားဖန်ဆင်းသည်. ကောင်းကင်များ Heavens ဆိုရာ၌ ကြယ်၊ နက္ခတာရာ၊ ဂြိုဟ်များထက် မမြင်ရသော ဝိညဥ်ရေးရာ Spiritual realm ကို ဆိုလိုပြီး ထိုနာမ်ဝိညဥ် နယ်ပယ်၌ နာမ်ဝိညဥ် သတ္တဝါ ၊ ကောင်းကင်တမန် နှုင်. အပင်များလည်း ရှိသည်။ ထို.ကြောင်. လက်ရှိ ကျွန်တော်တို.‌ နေထိုင်သည်. သက်တမ်း နှစ် ၆၀၀၀ ရှိပြီဖြစ်သော ဤကမ္ဘာ နှုင်. အာဒံ ဧဝ မရှိမီက ကောင်းကင်များစွာ ရှိနှုင်.ပြီ ဖြစ်ကြောင်း သင်-ယုံခြင်း မယုံခြင်း၊ လက်ခံခြင်း မခံခြင်းက သင်.-ပြသနာ၊ အမှန်ကန် သက်သေ ပေါင်း များစွာဖြင်. ပြသခဲ.ပြီးဖြစ်သည်။

မူရင်း ဟေဗြဲကျမ်း၌ The earth 'became' without form and void ( Gen 1:2) ' ကမ္ဘာသည် လွတ်လပ် လဟာ ဖြစ်လာ၏" ဟု ဆိုလိုရင်းသည် ဘုရားသခင် ယခင်နှစ်ပေါင်း ကုဠေသန်းချီက ဖန်ဆင်းသည်. ကမ္ဘာ၌ ကောင်းကင်မှနှင်ချသော လူစီဖါ (အပြစ်) ကြောင်. ရေဖြင်. ဘုရားသခင်၏ စီရင်ခြင်း ခံခဲ. ကြောင်း နားလည်ရသည်။

လွတ်လပ်လဟာ ဟုဆိုရာ၌ ဘုရားသခင် ဖန်ဆင်းသမျှ အဆိုးမရှိ အကောင်းဆုံးဖြင်. ဖန်ဆင်းပြီး ပုံစံတကျ အချိုးညီညာ လှပစွာ ဖန်ဆင်းသည်. ဘုရားလက်ရာ ကမ္ဘာကြီး ပျောက်သွားခြင်း၊ သုံးစားမရတော.ခြင်း waste ၊ ပုံပျက်ပန်းပျက် ဖြစ်သွားခြင်းကို ဆိုလိုပြီး ဘုရားသခင် နဂိုမူလ ဖန်ဆင်းသည်. ကမ္ဘာကြီးသည် "ရေ"နက်ရာအရပ် ရေအောက်သို. ရောက်သွားခြင်းသည်လည်း ဘုရားသခင်၏ ပထမဆုံး စီရင်ခြင်းဖြစ်သည်။

နောဧအား ရေလွမ်းမိုးခြင်းဖြင်. ဒုတိယအကြိမ် စီရင်ရန် ဘုရားစေခိုင်းသည်ကို တွေ.ရသည်။ ဘုရားစကား ဘုရားသတိပေးခြင်း ကြားရက်နဲ. နားမထောင်သူသည် ရေအောက်စီရင်ခြင်းသို. ရောက်လေ.ရှိကြောင်းကိုလည်း သင်ယူရသည်။  

ကမ္ဘာဦးကျမ်းနှုင်. ဗျာဒိတ်ကျမ်း အဆက်စပ် ရှိနေကြောင်း နားလည်သင်.သည်မှာ ကမ္ဘာဦး ၁ ၌ အသက်ပင် တစ်ကြိမ်တွေ.ရပြီး ကျမ်းစာတခုလုံး၌ အသက်ပင် မတွေ.ရတော.ပဲ ဗျာဒိတ် အဆုံးနား ရောက်လာသည်.အခါ အသက်ပင် တွေ.ရခြင်းမှာ ဗျာဒိတ် အခန်း ၂၀ အထိ စီရင်ခြင်း ရှိနေမည် ဖြစ်ပြီး အခန်း ၂၁ ပြီးလျှင် မြေကြီး၌ စီရင်ခြင်း မရှိတော.ကြောင်း (သို.) ရထားတွဲ ၇ ပြီးလို. အတွဲ ၈ ရောက်တော.မည်ဖြစ်၏။

 

ဘုရားသခင်၏ မူလ အကြံစည် (အပိုင်း-၅)

ကျမ်းစာ စဖွင်.ဖွင်.ခြင်း 'အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှုင်. မြေကြီးကို ဖန်ဆင်း၏ ' ဟု  ကမ္ဘာဦး ၁း၁  'အစအဦး= in the beginning ဆိုသည်. 'အချိန်' ကို ပထမဆုံး စတင်မိတ်ဆက်လျှက် ထို'အချိန်' မရှိမီ ဘုရားရှိကြောင်း ဖေါ်ပြကာ ဒုတိယအနေဖြင်. "ကောင်းကင်"ကို မိတ်ဆက်ကာပြီး တတိယကျမှ မြေကြီးကို မိတ်ဆက်ပေးခြင်းသည် အလဟာတ အဓိပါယ်မဲ. ကြုံသလိုရေးခြင်း မဟုတ်ပါ။


မျက်စိဖြင်. မြင်ရသော visible thing လောကီရေးရာကို  မနက်ထထခြင်း တနေ.တာ၏ ပထမဆုံး သင်.-အာရုံ၊နှလုံးသားထဲမှာ နေရာယူ ဦးစားပေးဖို. ဘုရားသခင်၏ နဂိုမူလ အကြံစည်နှုင်. အလိုတော် မဟုတ်ဘူး၊  ဝိညဥ်ရေးရာနယ်ပယ် ဖြစ်သော မျက်စိဖြင်. မမြင်နိုင်သည်. ကောင်းကင်ရေးရာ များကို တွေးတောဆင်ခြင်ရန် ဘုရားသခင် အလိုရှိသည်။ (ဆရာကြီး Benny  "Good Moring Holy Spirit " စာအုပ် ဖတ်ဖူးသူများ နားလည်လိမ်.မည်)


ဘုရားအလုပ်လုပ်ပုံနှုင်. လူအလုပ်လုပ်ပုံ ကွာခြားချက်သည် လူအများစုက ဒီနေ.ဘယ်အချိန် ဘယ်ကိုသွားပြီး ဘာလုပ်မယ် ၊ဘာစားမယ် ဆိုသည်. အရာများကို မနက်မထမီ အိပ်ယာထဲ၌ ကြိုတင်  Plan ဆွဲလေ.ရှိ၏ (တနည်း) ဇာတိခန္ဒာ လောကီအရာအတွက် အရင်ဦးဆုံး Plan ဆွဲပြီးမှ သာ အချိန်ရရင်, အားရင် ဝိညဥ်ရေးရာကို ဆင်ခြင်လေ.ရှိသည်။

 (ခက်တာက ဘယ်တော.မှ မအားဘူး altijd druk op mijn hoofd ) ဘုရားမူကား ဝိညဥ်မှ အစပြုပြီး စိတ်၊ခန္ဒာသို. အလုပ်လုပ်သည်. နိယာမရှိ၍ ငါ.အကြံစည်နှုင်. သင်တို.အကြံစည် ဖီလာ ဆန်.ကျင်ကြောင်း၊ ထိုသို.ဆိုလျှင် ဘုရားရောက်စေလိုသည်. ပန်းတိုင်သို.မရောက် ဘုရားသွား စေလိုသည်. အရပ်နှုင်.ပြောင်းပြန် ဘုရားမတွေးစေ လိုသည်.အရာ တွေးနေသမျှ ကာလပတ်လုံး ဘုရားမသွား စေလိုသည်. နေရာ၊ဘူတာသို. ဧကန်အမှန် ရောက်မည်. အကြောင်း သတိ ထား သင်. သည်။

24/7 hrs  တပတ်တာ ၁၆၈ နာရီ  တနင်္ဂနွေ ၂ နာရီ ဘုရားကျောင်း၌ အချိန်ပေးခြင်းဖြင်. ဝိညဥ်လူ ဖြစ်ပြီဟု ယူဆလျှင် ဘုရားကို လိမ်နေသကဲ.သို. မိမိကိုယ်မိမိ လိမ်နေကြောင်းလည်း သိသာ ထင်ရှားနေသည်။ နေ.စ္စဓူဝ အလုပ်လုပ် သွားလာ စားသောက် ‌ပြောဆို ပေးကမ်း အလှူ ထည်.ခြင်း ဟူသမျှ နာမ်ဝိညဥ်မှတဆင်. ထိုး‌ဖေါက် စီးဆင်းခြင်းဖြစ်လျှင် ရွှေ၊ငွေ၊ကျောက်ကောင်းဟု ဘုရားသခင် သတ်မှတ်ပြီး ကောင်းကင်အရပ်၌ ရိတ်သိမ်းစရာ Credit  စုဆောင်းနေခြင်းဖြစ်သည်။


 

Sunday, July 10, 2022

ဘုရားသခင်၏ မူလအကြံစည် (အပိုင်း-၄)

Lucifer သည် တန်ခိုးရှိသော်လည်း almighty အရာခပ်သိမ်းတော. မတတ်နိုင်ဘူး၊ ဘုရားသခင်ကို တချိန်လုံး ချီးမွမ်းရန် စက်ရုပ်ကဲ.သို. ဖန်ဆင်းခံ မဟုတ်ပဲ၊ မချီးမွမ်းလိုပါက မချီးမွမ်းပဲ နေနိုင်သည်. ရွေးချယ်ခွင်. ဘုရားသခင်က ပေးထားသည်။ 


ဘုရားကို ချီးမွမ်းရန် ဖန်ဆင်းခံ ဖြစ်သော်လည်း ဘုရားကဲ.သို. ဖြစ်လိုသည်. အကြံစည်ကြောင်. မြေသို. အာဒံဧဝ မရှိမီ / ကမ္ဘာဦး ၁း၁ မတိုင်မီ / မစားရ ဆိုသည်. ပညတ်မရှိမီ လွန်ခဲ.သော နှစ်သန်းပေါင်း အသင်္ချာကတည်းက နှိမ်.ချခြင်း ခံခဲ.သည်။ ထို.ကြောင်. ကောင်း ( အသက်ပင်) ၊ မကောင်း (သေခြင်း) အပင်၌ အပြစ်မျိုးစေ.မရှိဘူး၊ သို.သော် ထိုအပင်သည် သေခြင်း နှုင်. ရှင်ခြင်း အမှတ်လက္ခဏာ မျှသာ ဖြစ်ကြောင်း နားလည်ရမည်။ 


ဥပမာ - သင်. PC ၌ Anti Virus Solfware  အမှတ်သား ရှိရုံဖြင်. Install မလုပ်မချင်း Virus မကာကွယ်သကဲ.သို. သေခြင်း Symbol မကောင်း အသီးကို ရွေးစားခြင်းကြောင်. လူသား အာဒံ နှုင်. ဧဝ မျိုးရိုး တခုလုံး၌ အပြစ် ဝင်ရောက်ကာ မမွေးသေးသည်. ခလေးများပင်လျှင် အပြစ်သား ဖြစ် သွားသည်။


နောက်ဥပမာတခု- မီးပွိုင်.၌ မီးနီ ပြသည်ကို လှမ်းမြင်လျှင် အရှိန်လျော.ပြီး မီးစိမ်းပြမှ မောင်းရမည်။ မီးပွိုင်. အနီ/အဝါ/အစိမ်း၌ ကားတိုက်ခြင်း မတိုက်ခြင်း မရှိဘူး၊ အမှတ်အသား မျှသာဖြစ်သည်၊ အရှိန်မထိန်းပဲ ဆက်မောင်းမလား? လျော.မလား? သင်.ရွေးချယ်မှု ( စည်းကမ်း ဆိုသည်. ပညတ်) လိုက်နာခြင်း ရှိမရှိတွင် သင်.ရွေးချယ်မူ ဖြစ်၏။ 

 

ထိုနည်းတူ ကောင်းကင်မှ ပစ်ချခံ (လူစီဖါ / စာတန်) ၏ အမှတ် အသားဖြစ်သော အပင်၏ အသီးကို ရွေးစားမလား? ယေရှုအမှတ်အသား ဖြစ်သည်. အသက်ပင်ကို ရွေးစားမလား အာဒံ၊ဧဝ၏ Free will  ဖြစ်သည်။ ကျမ်းစာ များစွာ ရှိသည်.အနက် အောက်ပါ ကျမ်းချက် အနည်းငယ်ကို ဖေါ်ပြပါမည်။

Ezekiel 28:14-16 '' သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။15 ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
16 သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ်မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။
17 သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန် လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။


Isiah 14:12-15 'အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သော သင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
13 သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့ အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။


14 မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။15 သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။
LK 10:18 "ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကို ငါမြင်ပြီ။


Rev 12:4 " သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ ချလိုက်လေ၏။
Hebrew 1:14 "ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော် မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။


Romans 5:13-14 "ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ် စရာမရှိ၊
14 သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်း တရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာ ဖြစ်သတည်း။


John 8:44 "သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ် ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌ သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသား စကားကိုပြောသောအခါ မိမိပကတိ အတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်းဖြစ်၏။

 

Friday, July 8, 2022

ဘုရားသခင်၏ နဂိုမူလ အကြံစည် ( အပိုင်း ၃)

 -


 ကမ္ဘာဦး ၁း၁ အစအဦး၌ (in the beginning) ဆိုသည်. အချိန်မသိသည်. အတိတ် (Dateless past)  မတိုင်မီ ကမ္ဘာပေါင်း သန်းပေါင်း ကုဌေချီ ရှိခဲ.ပြီဖြစ်ကြောင်း သိပ္ပံပညာ လက်ခံသလို ဗုဒ္ဓကျမ်းတွင်လည်း တွေ.ရပြီး သမ္မာကျမ်း ပထမဆုံး စာမျက်နှာ ပထမဆုံးပုဒ်၌လည်း ကမ္ဘာကို ဘုရားသခင် ဖန်ဆင်း Create ( to form from nothing )ခြင်းကြောင်း အပိုင်း(၂) တွင် ဖေါ်ပြပြီးဖြစ်သည်။ 


မယုံကြည်သူနှုင်. သိပ္ပံပညာရှင်များက ထိုကမ္ဘာများကို ဆင်.ကဲဖြစ်စဥ် Evolution ၊ Bigbang  , Darwen သီအိုရီအရ အလိုအလျောက် ဖြစ်ပေါ် လာပြီး လူကိုလည်း မျောက် ၊မျောက်ဝံမှ ဆင်းသက်လာကြောင်း ပြောဆိုယုံကြည် ကြသော်လည်း ယုံကြည်သူများအတွက် ဘယ်တော.မှ ခေတ်နောက်မကျ မမှားသည်. ထာဝရဘုရား နုတ်တော်ထွက်သည် အဖြေမှန်ဖြစ်သည်။


ယ္ခုနေထိုင်သည်. သက်တမ်း နှစ် ၆၀၀၀ ရှိသည်. ကမ္ဘာကြီး မတိုင်မီ ကမ္ဘာများ၌ ဘယ်သူနေထိုင်သနည်း မရေးမီ Lucifer အကြောင်း အနည်းငယ်ဖေါ်ပြရန် လိုမည်၊ ဘုရားသခင်သည် ဘယ်သောအခါမှ သူလုပ်သမျှ ဟ!မှားသွားပြီ၊ နောင်တရပြီ Sorry !  ဘယ်တော.မှ မပြောဘူး၊ ကမ္ဘာဦး ၆ ၌ လူကို ဖန်ဆင်းခြင်း နောင်တရ၍ စိတ်နှလုံးပူပန်၏ " သည် မူရင်း၌ နောင်တရ (Repent ) မဟုတ်၊ ဖြစ်စေလိုသည်. ဆန္ဒကဲ.သို. ဖြစ်မလာခြင်း (grieved)ဖြစ်သည်။


ထို.ကြောင်. ဘုရားသခင် တခုခု မဖန်ဆင်းမီ ကြိုတင် ကြံစည်တွေးခေါ် (idea) ရေးဆွဲပြီး ထိုအကြံစည် အတိုင်း ပုံဖေါ်သမျှ အမှားမရှိ၊ အကောင်း ချည်း ဖြစ်သဖြင်. ကောင်း၏,ကောင်း၏, အလွန်ကောင်း၏ ဟု မိန်‌.တော် မူခြင်းဖြစ်၏။ 


ဥပမာ-ပြောရရင် ကျွန်တော် Lucky draw အား လူ ၂,၃ ဦး တိုက်ခဲ.လျှင် မည်သို.ဖြေရှင်းမည်' ဆိုသည်. idea ကြိုတင် ရေးဆွဲသကဲ.သို. ဘုရားသခင် သည်လည်း အာဒံနဲ.ဧဝ ကောင်း/မကောင်းအသီး စားလိမ်.မည် ဆိုတာ သိချင်သိမယ်/သိချင်မှလည်း သိမယ် (ကျန်ုပ်မသိပါ)၊ သို.သော် စားခဲ.လျှင် မည်သို. ပြန်လည် ရွေးနုတ်မည်ကို ကြိုတင်ရေးဆွဲကြောင်း ကျမ်းစာ၌ အတိအလင်း တွေ.ရသည်။ 


ပုံအတွဲ (၁) ဧဒင်၊ဧဝနေထိုင်သည်. ကမ္ဘာ နှုင်. အခြားကမ္ဘာများ မဖန်ဆင်းမီ ကောင်းကင်ဘုံ၌ အပြစ်ဆိုလို. မြူတမြှုံ ဆံတပင်စာလေးပင် မရှိပါ၊ Why? နေရာတိုင်း၊ အချိန်တိုင်း ၊ အရာခပ်သိမ်း ( Omniscient , Omnipoten, Omniprent )၌ ရှိ၍ သိမှတ်ကာ တတ်နိုင်သည်. ဘုရားသခင်၌ အပြစ်လည်း မရှိသလို အပြစ်လည်း မလုပ်တတ်၊ အပြစ်ကို မဖန်ဆင်းဘူး ဆိုတာ သံသယ ရှိဖွယ်မရှိပါ။ 


ထို.နညးတူ လူစီဖါကိုလည်း အပြစ်မျိုးစေ. လုံးဝမထည်.ပေးသကဲ.သို. ကောင်းကင်တမာန် များစွာကိုလည်း အပြစ်နှုင်. ကင်စင်လျှက် ဖန်ဆင်းခံ များဖြစ်ကြကြောင်း နားလည်ပြီး တကာလ အပြစ်ဘယ်ကလာ၍ ဘယ်သူ. ကြောင်.ဖြစ်သနည်း? 


ဘုရားသခင်သည် လူစီဖါ အပါဝင် ကောင်းကင်တမန် အပေါင်းအား အမြင်.ဆုံး တန်ခိုးအာဏာ အပ်နှုင်းသည်. Freewill " ကိုယ်ပိုင်ရွေးချယ်ခွင်.'' right ဖြစ်၍ အလွန်ကောင်းသကဲ.သို. လွန်စွာအန္တရယ် ကြီးလှသည်။
 

ထိုသို. ဆိုသော် လူစီဖါအား လူကိုလှည်.စားရန် လူ၌အပြစ်ဝင်စေရန် ဘုရားသခင်.နဂိုမူလ အကြံအစည် မဟုတ်သည်.နည်းတူ လူစီဖါသည် ဘုရားသခင်သဏ္ဌန်တူ ဖန်ဆင်းသည်. လူဧဒံနှုင်. ဧဝကို ကြည်.ရှုစောင်.ရှောက်ရန် အစေခံ နာမ်ဝိညဥ် ဖြစ်ပါလျှက်နဲ.  ကောင်းမကောင်းအပင်၌ "အပြစ်မျိုးစေ."ရှိနေလို. များလား? ဆိုသည်. အပိုင်း(၄) အား ဆက်လက် ဖေါ်ပြမည်။

ကမ္ဘာဦး၌ ဘုရားဝှက်ထားသည်. (Mystery ) နက်နဲဖွယ်ရာ (အပိုင်း-၂)

 -


 ကမ္ဘာဦး ၁ ၌ (Mystery ) နက်နဲထူးဆန်း ကျယ်ဝန်းသည်. ဘုရားဝှက်ထား( Conceal ) သမျှ အားလုံးကို သမ္မာသစ်ခေတ် ရောက်လာသည်.အခါ သန်.ရှင်းသော ဝိညဥ် ဖွင်.ပြခြင်း ( Reveal) ဖြင်.သာ နားလည် ခွင်.ရသည်။

ကမ္ဘာများ ( Heavens) ဟု မူရင်းဟေဗြဲနှုင်. အခြားသာသာပြန် များစွာ၌  တွေ.ရသော်လည်း မြန်မာ သမ္မာကျမ်းသည် KJV ဘာသာပြန် ဖြစ်သဖြင်. 'အစအဦး၌ ဘုရားသခင် သည် ကောင်းကင် များ' ဟု မပြန်ဆိုပဲ ကောင်းကင်နှုင်. မြေကြီး ဟု ပြန်ဆိုထားတာ တွေ.သည်။

World (1) ဟု ပြထားခြင်းသည် 'ကမ္ဘာတခု' ဟု ဆိုလိုခြင်း မဟုတ်ပဲ ကမ္ဘာဦးကျမ်း ၁း၁ မတိုင်မီ အခြား ကမ္ဘာများ အုပ်စု(၁)၌ ကမ္ဘာပေါင်း မြောက်များစွာ ဘုရားသခင် ဖန်ဆင်းထားကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

လွန်ခဲ.သော ၇ နှစ်၌ ယခုကျွန်တော်တို. နေထိုင်သည်. ကမ္ဘာကဲ.သို.သော အခြားကမ္ဘာပေါင်း 500 million ( သန်း ငါးရာ 500,000,000) ရှိကြောင်း သိပွံပညာရှင်များ တွေ.ရှိထားပြီး ယနေ. ၂၀၂၂ ၌  200 billion (သန်း ၂ သိန်း 200,000, 000,000) ရှိသည်ဟု ထုတ်ပြန်ထားသည်။

မယုံကြည်သူများပင်လျှင် ကမ္ဘာတခုတည်း မဟုတ်၊ အများကြီးကြောင်း လက်ခံပြီး၊ ခရစ်ယန် ငပိန်းတွေကတော. ဒီကမ္ဘာ တခုတည်း ရှိကြောင်း ကျမ်းစာ၌ ဖေါ်ပြသည်ဟု ဇွတ်ငြင်းချင်အုံးမည်။ ကမ္ဘာသက်တမ်း နှစ်အသင်္ချေ ရှိကြောင်းကို ဗုဒ္ဓကျမ်း ၌လည်းဖေါ်ပြထားပြီး ငါတို. သမ္မာ ကျမ်း ကမ္ဘာဦး ၁း၁ ၌ ကြိုတင် ရေးထားကြောင်း သိသင်.သည်။

ဤနေရာ၌ ဆရာကြီး ယုဒသန် အသုံးအနှုန်းအရ 'ဖန်ဆင်း' ဟု သုံးသော် လည်း 'ဖန်ဆင်း' 'တီထွင်' ပြုလုပ်' အခုနှင်.တခု ဆင်တူရိုးမား ဖြစ်နေပြီး English လို မရေးချင်သော်လည်း ခွဲခြားနားလည် နိုင်ရန် အနည်း ငယ် ရေးခွင်.ပြုပါ။
 
Genesis 1:1 'In the beginning God created the heavens and the earth.
( အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တော်မူ၏) အစအဦး (In the beginning ) ဆိုသည်. စကားစုသည် ရက် အတိအကျ မရှိသော အတိတ်က အချိန် (dateless past) ဟု မူရင်း၌ ဖေါ်ပြ ထားသည်။

ဖန်ဆင်း (Create ) ၏ မူရင်း ဂရိတ်စကားလုံး bara သည် ဘာတခုမှ မရှိသေး သည်.အရာ (to form from nothing) ကို ဘုရားသခင်က ဖန်ဆင်း ကြောင်း နားလည်ရပြီး ဥပမာ- ဖုန်းဖြစ်ဖို. ကုန်ကြမ်း အမျိုး ၁၀၀ နီးပါး လိုအပ်သလို အိမ်တလုံး ဖြစ်ဖို. အုတ်ခဲ၊သစ်၊ဘိလပ်မြေ.... လိုအပ်သဖြင်. အိမ်ဖန်ဆင်းသည် ဟု သုံး၍ မရတော.ပေ။

ထို.ကြောင်. ဘုရားသခင် ကမ္ဘာကို ဖန်ဆင်းခြင်း Create ၌ မည်သည်. ကုန်ကြမ်း တစုံတခုမှ အသုံးမပြု (တနည်း) နုတ်ကပတ်တော်ဖြင်. ဖန်ဆင်း ကြောင်း နားလည်ရပြီး မူရင်းကျမ်း၌ ဖန်ဆင်းလို. မပြောဘူး၊ မြန်မာ မှာတော. ငါတို.နှုင်. အညီ တသဏ္ဠန်တည်းတူ ဖန်ဆင်း ကြစို.' ဟု ရေးပါ သည်။ (ကမ္ဘာဦး ၁း၂၆)

Let Us make man like Us ( Gen 1:26) ဤနေရာ၌  Made မူလဟေဗြဲ စာလုံး asa ( to form something that was already created) ရှိပြီးသား သူဖန်ဆင်းပြီးသား တစုံတခုဖြင်. ပြုလုပ် ပုံသွင်းခြင်းဖြစ်သည်။ (လူကို မြေမှုန်.ဖြင်. ပုံသွင်းသဖြင်. Make သုံးသည်)
              
Gen 1:2 “And the earth was without form..”မြေကြီး သည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ မူရင်း ဟေဗြဲစာလုံး “was” haya ဆိုလိုရင်းသည် ဖြစ်လာသည် “became.”ဟု နားလည်ရသဖြင်. ယခင် ဖန်ဆင်းပြီး ကမ္ဘာအား ပြန်လည် ပြုပြင်,ဖန်ဆင်းသည်. လက်ရှိကမ္ဘာဟု ဆိုလိုကြောင်း နားလည်ရသည်။

ထိုသို.ဆိုသော် ယခင် နှစ်ပေါင်း သိန်းသန်းချီက ဖန်ဆင်းသည်. ကမ္ဘာ၌ ဘာတွေ နေထိုင်ပြီး ဘယ်သူက ဖျက်စီးလို. ပျက်သွားတာလဲ ဆိုတာ နောက်မှ ဆက်လက် ဖေါ်မည်။

ဧဒင်ဥယျဥ်၌ ကောင်းမကောင်းအပင် ဘာ.ကြောင်.စိုက်သနည်း(အပိုင်း ၁)

 


 (1) ဘာ.ကြောင်.  ဧဒင်ဥယျဥ်၌ ကောင်းမကောင်း သိကျွမ်းရာ အပင် စိုက်ရင် အာဒံနဲ.ဧဝစားပြီး အာဒံမျိုးဆက် အားလုံး အပြစ်အခ သေခြင်း ရောက်မည်မှန်း ကြိုသိ၊ကြိုမြင် သည်.ဘုရားက ဘာ.ကြောင်. စိုက်သနည်း? ဆိုသည်. မေးခွန်းသည် လွယ်သယောင်နဲ. အလွန်နက်ရှိုင်းလွန်းလှပါသည်။

လူတိုင်းနားလည်မည်.   မြန်မာစကားလုံး အသုံးပြုသွားမည်ဖြစ်သဖြင်. ဆက်တိုက် ဖတ်ပေးကြပါရန် ဦးစွာ မေတ္တာ ရပ်ခံလိုသည်။ ဘာ.ကြောင်. ထိုအပင်စိုက်သလဲ? ဆိုသည်.အမေး မဖြေခင် နောက်ခံသမိုင်း သိရန်လိုပြီး မယုံကြည်သူ မဆိုထားဘိ၊ ယုံကြည်သူ ၉၀% အတွေး၌ ကောင်းမကောင်း အပင်၏အသီး စားသည်. အချိန်၊နာရီမှစ၍ ကမ္ဘာ၌ အပြစ် ဝင်သွားသည်ဟု ထင်မှတ်ကြသည်။ (မမှားပေမဲ. တစ်ဝက်ပဲ မှန်ကြောင်း နောက်မှရေးမယ်)

ဘုရားသခင်က လူအာဒံနဲ. လူဧဝကို ဖန်ဆင်းပြီး ယနေ.အထိ ကမ္ဘာကြီး နောက်ခံသမိုင်းကို အောက်ပါပုံဖြင်. ဖေါ်မည်၊ ဤပုံကို သဘောပေါက်ပါက ခရစ်တော် မနက်ဖန်တဖက်ခါ ကြွလာမလိုလို လွန်ခဲ.သော နှစ် ၂၀၀၀ က ရှင်ပေတရု၊ ရှင် ပေါလုတို. ပြောခဲ.ကြသည်.နည်းတူ တရားဟောဆရာ၊ ဧဝံဂေလိ ဆရာ အ‌ပေါင်းလည်း ထိုနည်းတူ ဟောပြောကြသော် လည်း ယနေ.ထိ မကြွလာသေးပါလား? ဆိုသည်. မေးခွန်းအတွက် အဖြေပေး ပြီးသား ဖြစ်သည်။

ချီဆောင်ခြင်း သင်ခန်းစာ မဟုတ်ပဲ၊ ဖန်ဆင်းခြင်း အကြောင်း ဖြစ်သော်လည်း အဆက်စပ်ရှိနေကြောင်း အောက်ပါပုံ အနည်းငယ် ရှင်းပြမှ အစဥ်ပြေမည်။ အတိအကျ မဟုတ်သော်လည်း အနီးစပ်ဆုံး ဖေါ်ပြမည်ဆိုသော်...(၁)အာဒံမှ နောဧ အထိ နှစ် (၁၀၀၀) အတွဲ ၁ ရထား၊ နောဧမှ အာဗရာဟံ နှစ် (၁၀၀၀) အတွဲ ၂ ရထား၊ အာဗရာဟံမှ ဒါဝိတ်အထိ နှစ် ၁၀၀၀ အတွဲ ၃ ၊ ဒါဝိတ်မှ ယေရှုအထိ နှစ် (၁၀၀၀) အတွဲ ၄ ရထားတွဲ၌ မွေးရာမှ သေသည်ထိ စီးနင်းလိုက်ပါကြသည်။
(လူ.အသက် နှစ် ၁၀၀၀ ကျော် မှ မရှိတာ)

ယေရှုခရစ် မှ ယနေ.အထိ နှစ် ၂၀၀၀ ၊ ယနေ.မှ နောက် နှစ် ၁၀၀၀ နိုင်ငံတော်ခေတ်၊ နိုင်ငံတော်မှ ကောင်းကင်သစ် မြေကြီးသစ်အထိ ထာဝရ။ ဘုရားသခင်သည် အတွဲ (၁) မှ အတွဲ (၆) အထိ ရထားတွဲ အထဲ၌ ရှိနိုင်သလို အပြင်၌လည်း ရှိနိုင်သည်။ လူမူကား အတွဲ ၁ရှိ အာဒံ အတွဲ ၂ သို. မလာနိုင်သလို အတွဲ ၂ ရှိ ဒါဝိတ်လည်း အတွဲ ၃ သို. မလာခင် သေသွားကြသည်။

ကမ္ဘာကြီးသည် ရထားကဲ.သို. အရှည်လိုက် မဟုတ်သလို အပြားလိုက်မှ မဟုတ်တာ။ ကမ္ဘာဦး ၁ ၌ ကောင်းကင် များ Heavens နှုင်. မြေကြီး ဖန်ဆင်း၏ ' ဟု ပြောထားသည်. အတွက် ကျွန်တော်တို. အာဒံမျိုးဆက် နေထိုင် လာခဲ.သည်. ကမ္ဘာတခုတည်း မဟုတ်ပဲ အခြားကမ္ဘာလည်း ရှိနေနိုင် ကြောင်း နားလည်ရသည်။ ထိုအခြားကမ္ဘာကို မူလ ကမ္ဘာဟောင်း Old world Group (၁)ဟု ခေါ်ပြီး  အာဒံ၊ဧဝ မှ ယနေ. ကျွန်တော်တို. နေထိုင်သည်. New Wolrd ကမ္ဘာကို (၂) ဟု အမည် ပေးပါ.မည်။


ထမြောက်ခြင်း RESURRECTION နှင်. တရားစီရင်ခြင်း

👉 ထမြောက်ခြင်:(၅)မျိုးရှိကြောင်း  သမ္မာကျမ်းစာအရ သိရသည်။   ✅OT ထမြောက်ခြင်း၌  ဧနောက်၊ ဧလိယ၊ မောရှေ [Gen 5:25 | 2 King 13:21 | Jd 1:9]  ✅NT ...